တာချီလိတ်တွင် ဒေသန္တရအမိန့်ကို ချိုးဖေါက်ပြီး သင်္ကြန်ပါတီဆင်နွှဲရာတွင် ပါဝင်သည့် ရဲတပ်သားကို ကျပ်(၅၀၀၀)ငွေဒဏ်ချမှတ်ပြီးသည့်အပြင် ရဲစည်းကမ်းချိုးဖေါက်မှုဖြင့်ပါ ဆက်လက်အရေးယူ

တာချီလိတ်တွင် ဒေသန္တရအမိန့်ကို ချိုးဖေါက်ပြီး သင်္ကြန်ပါတီဆင်နွှဲရာတွင် ပါဝင်သည့် ရဲတပ်သားကို ကျပ်(၅၀၀၀)ငွေဒဏ်ချမှတ်ပြီးသည့်အပြင် ရဲစည်းကမ်းချိုးဖေါက်မှုဖြင့်ပါ ဆက်လက်အရေးယူ
ဧပြီ 28, 2020
By Tachileik News Agency
တာချီလိတ်တွင်  ဒေသန္တရအမိန့်ကို ချိုးဖေါက်ပြီး သင်္ကြန်ပါတီဆင်နွှဲရာတွင် ပါဝင်သည့် ရဲတပ်သားကို ကျပ်(၅၀၀၀)ငွေဒဏ်ချမှတ်ပြီးသည့်အပြင် ရဲစည်းကမ်းချိုးဖေါက်မှုဖြင့်ပါ ဆက်လက်အရေးယူ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် COVID-19 ကာကွယ်ရေး ဒေသန္တရအမိန့်ကိုချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့်အတွက် အရေးယူခံရသူ (၁၂) ဦးအနက်မှ ရဲတပ်သားကို ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထပ်ဆင့်အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

“ ရဲတပ်သားကတော့ ရဲစည်းကမ်းချိုးဖေါက်မှုနဲ့ ထပ်ပြီး အရေးယူခံရမှာဖြစ်ပါတယ်။ မနေ့က အရေးယူတဲ့အထဲမှာလည်း ပါပါတယ်”ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမလုပ်ရန်၊ သင်္ကြန်ပွဲမကျင်းပရန် ဒေသန္တရအမိန့်ထုတ်ထားသည့်ကာလအတွင်း ဧပြီလ (၁၂)ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံသားများအပါအဝင် လူစုလူဝေးဖြင့် သင်္ကြန်ပါတီ ကျင်းပခဲ့သည်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက Live လွှင့်ခဲ့ခြင်းဖြစ်သည်။

Live ထုတ်လွှင့်မှုကြောင့် အများပြည်သူအပါအဝင် ရဲတပ်ဖွဲ့ဝင်များ သိသွားပြီးနောက် သွားရောက်ဖမ်းဆီးရာ ပါတီပွဲ Live ထုတ်လွှင့်သည့် ရဲတပ်သားအပါအဝင် စုစုပေါင်း (၁၂)ဦးကို ဖမ်းဆီးပြီး သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ ၃၀(က) ဖြင့် အမှုဖွင့်ထားခဲ့ပြီး ရဲတပ်သားကို ရဲစည်းကမ်း ချိုးဖေါက်မှုဖြင့်ပါ အရေးယူထားခြင်းဖြစ်သည်။

အဆိုပါ ရဲတပ်သားမှာ ဒေသန္တရအမိန့်ချိုးဖေါက်မှုဖြင့် အရေးယူခံရသည့်အပြင် ရဲစည်းကမ်းချိုးဖေါက်မှုဖြင့်ပါ အရေးယူခံထားရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~