တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း စစ်ဝတ်စုံဝတ်ဆင်ထားပြီး သေနတ်များ ကိုင်ဆောင်ထားသည့် လူတစ်စုက အွန်လိုင်းလောင်းကစားနေရာကို ဝင်ရောက်ပြီး ဓါးပြတိုက်သွား

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း စစ်ဝတ်စုံဝတ်ဆင်ထားပြီး သေနတ်များ ကိုင်ဆောင်ထားသည့် လူတစ်စုက အွန်လိုင်းလောင်းကစားနေရာကို ဝင်ရောက်ပြီး ဓါးပြတိုက်သွား
ဖေဖော်ဝါရီ 22, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း   အွန်လိုင်းဂိမ်းလုပ်ငန်းတစ်နေရာကို စစ်ဝတ်စုံများ ဝတ်ထားပြီး သေနတ်များ ကိုင်ဆောင်ထားသည့် လူတစ်စု ရောက်ရှိလာကာ သေနတ်ဖြင့် ခြောက်လန့် ပစ်ဖောက်ကာ ဓါးပြတိုက်သွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 စစ်ဝတ်စုံများ ဝတ်ထားသည့် လူတစ်စုထဲတွင် Police စာတမ်းပါသည့် အနက်ရောင် အင်္ကျီများလည်း ဝတ်ဆင်ထားသည်ဟု သိရသော်လည်း ၎င်းတို့သည် စစ်သားနှင့်ရဲ အစစ် ဟုတ် မဟုတ်ကိုတော့ မသိရဟု သိရသည်။

အဆိုပါ အဖွဲ့သည် ရန်အောင်မြေ နှင့် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ တရုတ်အွန်လိုင်းဂိမ်းများနှင့် အွန်လိုင်းဂိမ်းလုပ်ငန်းနေရာ တော်တော်များများကို ဝင်ရောက်ပြီး မိုက်ကြေးခွဲသည့် ပုံစံမျိုးဖြင့် ဓါးပြတိုက်မှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု သိရှိရသည်။