ကျောက်မဲတွင် ခရိုင်စိုက်ပျိုးရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်ဝေငှရန် ပြင်ဆင်နေစဉ် ရုံးအနီးတိုက်ပွဲဖြစ်ပွား

ကျောက်မဲတွင် ခရိုင်စိုက်ပျိုးရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်ဝေငှရန် ပြင်ဆင်နေစဉ် ရုံးအနီးတိုက်ပွဲဖြစ်ပွား
အောက်တိုဘာ 7, 2020
By Tachileik News Agency
ကျောက်မဲတွင် ခရိုင်စိုက်ပျိုးရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်ဝေငှရန် ပြင်ဆင်နေစဉ် ရုံးအနီးတိုက်ပွဲဖြစ်ပွား
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်စိုက်ပျိုးရေးရုံးဝန်းတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့နံနက် (၁၀)နာရီဝန်းကျင်က ရုံးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဝေငှရန်စီစဉ်နေစဉ် ရုံးအနီးရှိ ပြည်ထောင်စုလမ်းမကြီးနှင့် ပင်လုံလမ်းဆုံအနီး၌ တိုက်ပွဲဖြစ်ပွား၍ အဆောက်အဦ၌ ကျည်ထိမှန်မှုများ ဖြစ်ပွားကြောင်း သိရသည်။
"ဝန်ထမ်းတွေ ချေးငွေနှစ်ဆမရသေးခင် စားနပ်ရိက္ခာထောက်ပံ့တဲ့ အခမ်းအနားလုပ်ဖို့ပြင်နေတာ။ အဲဒီအချိန် ပစ်ကြခတ်ကြတာပဲ။ ကျည်ဆံမှန်တာ (၆) နေရာလောက် ရှိတယ်။ ဝန်ထမ်းတွေတော့ မထိပါဘူး " ဟု စိုက်ပျိုးရေးရုံးမှ ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါရုံးအတွင်း ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန်များ ဝေငှပေးရန် ပြုလုပ်နေစဉ် ရုံးနယ်နိမိတ်အတွင်း တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးနံဘေးရှိ စခန်းသာကျေးရွာအနီးတွင်လည်း  ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် အဆိုပါပစ်ခတ်မှုကြောင့် မြို့ အဝင်/ အထွက် စစ်ဆေးနေသည့် ကျန်းမာရေးစစ်ဆေးမှု စင်တာကိုလည်း ယာယီနေရာသို့ ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသအတွင်း အောက်တိုဘာလ (၂) ရက်နေ့ကစတင်၍ တပ်မတော်နှင့် RCSS/ SSA တို့ နှစ်ဖက်ထိတွေ့မှုများရှိနေခြင်းဖြစ်ကာ တိုက်ပွဲများကြောင့် ကျေးရွာဒေသခံ ဦးရေ (၁,၀၀၀) နီးပါး တိုက်ပွဲရှောင်နေရခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ- ဒေါ်စောရီမွန်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~