အသက် (၅၀)နှစ်အောက် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ စမ်းသပ်စစ်ဆေးမှုကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ (၁၅)ရက်နေ့အထိ သတ်မှတ်နေ့များတွင် အခမဲ့ဆောင်ရွက်ပေးမည်
အသက် (၅၀)နှစ်အောက် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ စမ်းသပ်စစ်ဆေးမှုကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ (၁၅)ရက်နေ့အထိ သတ်မှတ်နေ့များတွင် အခမဲ့ဆောင်ရွက်ပေးမည်
စကျတငျဘာ 22, 2019
By Tachileik News Agency
အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှု အများဆုံးကင်ဆာစာရင်းတွင် ပါဝင်သည့် သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်၍ အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းကို ပြည်နယ်အတွင်း ခရိုင်မြို့ကြီးများတွင် ၂၀၁၈ ခုနှစ်မှစ၍ လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နိုင်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသော အမျိုးသမီးများ၊ အိမ်ထောင်ဖက် များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသောသူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် အသက် (၅၀)နှစ်အောက် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့အထိ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် အထူးကုဆရာဝန်များဖြင့် အခမဲ့ စမ်းသပ်စစ်ဆေးမှု ခံယူနိုင်ကြကြောင်း သိရသည်။
“ကျိုင်းတုံမြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ အမျိုးသမီးတွေ သွားပြီးစမ်းသပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သားအိမ်မှာ ကြွက်နို့ပိုးကူးစက်ခံရပြီးရင် (၁၀)နှစ်လောက်ကြာရင် ကင်ဆာအဖြစ်ပြောင်းတာ။ ဒီလိုအဖြစ်မပြောင်းခင် တစ်ကြိမ်လောက်တော့ စမ်းသပ်စစ်ဆေးမှုခံယူသင့်တယ်။ နောက် ဒီကြွက်နို့ပိုးကို သတ်တဲ့စက်ကလည်း လိုအပ်တာပေါ့။ ဒီအတွက်ကိုလည်း ကျွန်မတို့ ရှမ်းပြည်နယ်အတွက် ကြွက်နို့ပိုးသတ်တဲ့စက် (၂)လုံး လှူဒါန်းပေးထားတာလည်းရှိပါတယ်”ဟု ရှမ်းပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းစီမံချက်ကို ဦးဆောင်အကောင်အထည်ဖော်နေသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်နန်းရွှမြေင့်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် ပြောသည်။
အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှု အများဆုံးကင်ဆာစာရင်းတွင် ပါဝင်သည့် သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်၍ အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းကို ပြည်နယ်အတွင်း ခရိုင်မြို့ကြီးများတွင် ၂၀၁၈ ခုနှစ်မှစ၍ လိုက်လံဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နို်င်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသော အမျိုးသမီးများ၊ အိမ်ထောင်ဖက် များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသောသူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာကို ဆောလျင်စွာ စမ်းသပ်သိရှိပါက အချိန်မီကုသပျောက်ကင်းနိုင်ပြီး ကာကွယ်ဆေးထိုးနှံ၍ရကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net