တာခ်ီလိတ္ၿမိဳ႕တြင္ တတိယအႀကိမ္ OSS လုပ္ငန္းမ်ား ေနာက္ဆံုးကြင္းဆင္း ေဆာင္ရြက္ျခင္းကို ရန္ေအာင္ေျမရပ္ကြက္၌ ေဆာင္ရြက္ေပးမည္

တာခ်ီလိတ္ၿမိဳ႕တြင္ တတိယအႀကိမ္ OSS လုပ္ငန္းမ်ား ေနာက္ဆံုးကြင္းဆင္း ေဆာင္ရြက္ျခင္းကို ရန္ေအာင္ေျမရပ္ကြက္၌ ေဆာင္ရြက္ေပးမည္
သြဂုတ် 26, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမို႕တြင္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား တတိယအႀကိမ္ ကြင္းဆင္း ေဆာင္ရြက္ေပးျခင္းကို ၾသဂုတ္လ (၂၇)ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္ရံုး၌ နံနက္ (၁၀) နာရီမွစ၍ လုပ္ငန္းေဆာင္ရြက္ေပးမည္ ျဖစ္သည္။

တတိယအႀကိမ္အျဖစ္ ရပ္ကြက္၊ ေက်းရြာမ်ားသို႔ ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁)ရက္ေန႔မွ စတင္ေဆာင္ရြက္ေပးေနရာတြင္ ၾသဂုတ္လ (၂၆)ရက္ေန႔ မုိင္းကိုး(ခ)ေက်းရြာတြင္ ေဆာင္ရြက္ေပးခ်ိန္အထိ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတြင္ ဆိုင္ကယ္ယာဥ္ေမာင္းလုိင္စင္ ျပဳလုပ္သူအမ်ားဆံုးျဖစ္ေနၿပီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနတြင္ ဝန္ေဆာင္မႈရယူသူ ဒုတိယအမ်ားဆံုးျဖစ္ေနေၾကာငး္ သိရသည္။

“အခုခ်ိန္ထိဆိုရင္ ကညနမွာ ဆုိင္ကယ္ေမာင္းလုိင္စင္ လုပ္တဲ့သူက အမ်ားဆံုးပဲ။ ဒုတိယအမ်ားဆံုးက လဝကမွာပါ။ ေမြးတိုး၊ ဖြားေသစာရင္း လုပ္တဲ့သူေတြ မ်ားတယ္။ မနက္ျဖန္ ရန္ေအာင္ေျမရပ္ကြက္မွာ ၿပီးသြားရင္ေတာ့ အခု တတိယအႀကိမ္ OSS ကၿပီးမယ္။ ဒါၿပီးရင္ ျပည္သူေတြအေနနဲ႔ ဘာေတြ လုိအပ္မလဲ။ သူတုိ႔လိုအပ္တာနဲ႔ ကိုက္ညီတာ ထပ္တိုးလုပ္ေပးဖို႔ ဌာနေတြအကုန္ျပန္ထုိင္ၿပီး အစည္းအေဝးလုပ္ ဆံုးျဖတ္မွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တတိယအႀကိမ္ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ရာတြင္ ယခင္ႏွစ္ႀကိမ္က ေဆာင္ရြက္ခဲ့သည္မ်ားကို ျပန္လည္သံုးသပ္ၿပီး ေမာ္ေတာ္ဆုိင္ကယ္ေမာင္းလုိင္စင္ထုတ္ေပးျခင္းအား ထပ္တိုးထည့္သြင္းလာခဲ့ျခင္းျဖစ္သည္။

ဆိုင္ကယ္ယာဥ္ေမာင္းလုိင္စင္အသစ္ ျပဳလုပ္လိုသူမ်ားအေနျဖင့္ မွတ္ပံုတင္မိတၱဴ၊ ဓါတ္ပံု (၃)ပံုႏွင့္အတူ OSS ဝန္ေဆာင္မႈေပးရာသို႔ လာေရာက္ေလွ်ာက္ထားႏုိင္ၿပီး အသက္ (၁၈)ႏွစ္ေအာက္ ေလွ်ာက္ထားသူမ်ားအေနျဖင့္ က်ပ္တစ္ေသာင္းခြဲ၊ အသက္ (၁၈)ႏွစ္အထက္ ေလွ်ာက္ထားသူအေနျဖင့္ က်ပ္ႏွစ္ေသာင္းခြဲ ေပးသြင္းရမည္ျဖစ္သည္။

ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ရပ္ကြက္၊ေက်းရြာမ်ားသို႔ ေန႔စဥ္ကြင္းဆင္းေဆာင္ရြက္ေပးေနရာတြင္ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္မ်ား၌ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၏ လုပ္ငန္းေဆာင္ရြက္ရမႈ အမ်ားဆံုးျဖစ္ေသာ္လည္း တတိယအႀကိမ္တြင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ကပါ ကြင္းဆင္းအဖြဲ႕တြင္ ပါဝင္လာရာ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းလုိင္စင္ ျပဳလုပ္သူ အမ်ားဆံုးျဖစ္လာေၾကာင္း သိရသည္။

ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန (ကညန)အေနျဖင့္ ယခင္က ရွမ္းရိုးမကြင္းတြင္ တစ္လလွ်င္ တစ္ႀကိမ္ ေမာ္ေတာ္ဆုိင္ကယ္ေမာင္းလုိင္စင္မ်ားကို စီမံခ်က္ျဖင့္ ထုတ္ေပးေနရာမွ ၂ဝ၁၉ ခုႏွစ္၊ ၾသဂုတ္ (၁)ရက္ေန႔မွစ၍ OSS ႏွင့္အတူ ကြင္းဆင္းေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

ျပည္သူ႕ဝန္ေဆာင္မႈရံုး(One Stop Shop - OSS)တြင္ ပါဝင္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ လွ်ပ္စစ္ဌာနႏွင့္ က်န္းမာေရးဦးစီးဌာနတို႔အျပင္ တတိယအႀကိမ္ေျမာက္ကြင္းဆင္းေဆာင္ရြက္မႈ၌ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ကလည္း ပူးေပါင္းပါဝင္လာျကျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် တတိယအကြိမ် OSS လုပ်ငန်းများ နောက်ဆုံးကွင်းဆင်း ဆောင်ရွက်ခြင်းကို ရန်အောင်မြေရပ်ကွက်၌ ဆောင်ရွက်ပေးမည်
*************
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တတိယအကြိမ် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို သြဂုတ်လ (၂၇)ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်ရုံး၌ နံနက် (၁၀) နာရီမှစ၍ လုပ်ငန်းဆောင်ရွက်ပေးမည် ဖြစ်သည်။

တတိယအကြိမ်အဖြစ် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးနေရာတွင် သြဂုတ်လ (၂၆)ရက်နေ့ မိုင်းကိုး(ခ)ကျေးရွာတွင် ဆောင်ရွက်ပေးချိန်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ပြုလုပ်သူအများဆုံးဖြစ်နေပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် ဝန်ဆောင်မှုရယူသူ ဒုတိယအများဆုံးဖြစ်နေကြောင်း သိရသည်။

“အခုချိန်ထိဆိုရင် ကညနမှာ ဆိုင်ကယ်မောင်းလိုင်စင် လုပ်တဲ့သူက အများဆုံးပဲ။ ဒုတိယအများဆုံးက လဝကမှာပါ။ မွေးတိုး၊ ဖွားသေစာရင်း လုပ်တဲ့သူတွေ များတယ်။ မနက်ဖြန် ရန်အောင်မြေရပ်ကွက်မှာ ပြီးသွားရင်တော့ အခု တတိယအကြိမ် OSS ကပြီးမယ်။ ဒါပြီးရင် ပြည်သူတွေအနေနဲ့ ဘာတွေ လိုအပ်မလဲ။ သူတို့လိုအပ်တာနဲ့ ကိုက်ညီတာ ထပ်တိုးလုပ်ပေးဖို့ ဌာနတွေအကုန်ပြန်ထိုင်ပြီး အစည်းအဝေးလုပ် ဆုံးဖြတ်မှာပါ”ဟု တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တတိယအကြိမ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ယခင်နှစ်ကြိမ်က ဆောင်ရွက်ခဲ့သည်များကို ပြန်လည်သုံးသပ်ပြီး မော်တော်ဆိုင်ကယ်မောင်းလိုင်စင်ထုတ်ပေးခြင်းအား ထပ်တိုးထည့်သွင်းလာခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ (၃)ပုံနှင့်အတူ OSS ဝန်ဆောင်မှုပေးရာသို့ လာရောက်လျှောက်ထားနိုင်ပြီး အသက် (၁၈)နှစ်အောက် လျှောက်ထားသူများအနေဖြင့် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက် လျှောက်ထားသူအနေဖြင့် ကျပ်နှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ကွက်၊ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးနေရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ရမှု အများဆုံးဖြစ်သော်လည်း တတိယအကြိမ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ကပါ ကွင်းဆင်းအဖွဲ့တွင် ပါဝင်လာရာ မော်တော်ဆိုင်ကယ်မောင်းလိုင်စင် ပြုလုပ်သူ အများဆုံးဖြစ်လာကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)အနေဖြင့် ယခင်က ရှမ်းရိုးမကွင်းတွင် တစ်လလျှင် တစ်ကြိမ် မော်တော်ဆိုင်ကယ်မောင်းလိုင်စင်များကို စီမံချက်ဖြင့် ထုတ်ပေးနေရာမှ ၂ဝ၁၉ ခုနှစ်၊ သြဂုတ် (၁)ရက်နေ့မှစ၍ OSS နှင့်အတူ ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop - OSS)တွင် ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့အပြင် တတိယအကြိမ်မြောက်ကွင်းဆင်းဆောင်ရွက်မှု၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ကလည်း ပူးပေါင်းပါဝင်လာကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net