တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ရှမ်းရိုးရာ မဟာဝေသန္တရာဇာတ်တော် ရွတ်ဖတ် ပူဇော်ပွဲ၏ (၄)ရက်မြောက်နေ့ မီးရှူးမီးပန်းများဖြင့် ပူဇော်

တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ရှမ်းရိုးရာ မဟာဝေသန္တရာဇာတ်တော် ရွတ်ဖတ် ပူဇော်ပွဲ၏ (၄)ရက်မြောက်နေ့ မီးရှူးမီးပန်းများဖြင့် ပူဇော်
စက်တင်ဘာ 5, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ရှမ်းရိုးရာ မဟာဝေသန္တရာဇာတ်တော် ရွတ်ဖတ် ပူဇော်ပွဲအား ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ ကစ၍ ကျင်းပနေရာ စတုတ္ထနေ့ စက်တင်ဘာလ(၄)ရက်နေ့ ညပိုင်းတွင်က မီးရှူးမီးပန်းများဖြင့် ပူဇော်ခဲ့ကြသည်။

အဆိုပါ ကျောင်းတိုက်တွင် မီးရှူးမီးပန်းများအား စက်တင်ဘာလ(၄)ရက်နေ့ကစတင်၍ စက်တင်ဘာလ(၆)ရက်နေ့အထိ ညပိုင်းများတွင် ပူဇော်မည်ဖြစ်ပြီး သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၏ မဟာဝေသန္တရာဇာတ်တော် ရွတ်ဖတ် ပူဇော်ပွဲအပြီးတွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ရှမ်းရိုးရာ မဟောဝသန္တရာဇာတ်တော် ရွတ်ဖတ် ပူဇော်ပွဲအား ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ ကစ၍ ကျင်းပနေရာ စတုတ္ထနေ့ စက်တင်ဘာလ(၄)ရက်နေ့ ညပိုင်းတွင်က မီးရှူးမီးပန်းများဖြင့် ပူဇော်ခဲ့ကြသည်။

အဆိုပါ ကျောင်းတိုက်တွင် မီးရှူးမီးပန်းများအား စက်တင်ဘာလ(၄)ရက်နေ့ကစတင်၍ စက်တင်ဘာလ(၆)ရက်နေ့အထိ ညပိုင်းများတွင် ပူဇော်မည်ဖြစ်ပြီး သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၏ မဟောဝသန္တရာဇာတ်တော် ရွတ်ဖတ် ပူဇော်ပွဲအပြီးတွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net