ထိုင္းႏုိ္င္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၉၅)ဦးကို တာခ်ီလိတ္သို႔ ႏွစ္ႀကိမ္ခြဲ၍ လႊဲေျပာင္း

ထိုင္းႏုိ္င္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၉၅)ဦးကို တာခ်ီလိတ္သို႔ ႏွစ္ႀကိမ္ခြဲ၍ လႊဲေျပာင္း
ဇွန် 24, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၉၅) ဦးကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၄) ရက္ေန႔က ႏွစ္ႀကိမ္ခြဲ၍ ျမန္မာ-ထုိင္းနယ္စပ္၊  တာခ်ီလိတ္ၿမိဳ႕သို႔  လႊဲေျပာင္းေပးလာသည္။

ျမန္မာႏိုင္ငံသားအမ်ိဳးသား (၂၂) ဦး၊ အမ်ိဳးသမီး (၃၀) ဦး စုစုေပါင္း (၅၂) ဦးကို ေန႔လယ္ (၁၁)နာရီခြဲတြင္လည္းေကာင္း၊ အမ်ိဳးသား (၃၃) ဦးနွင့္ အမ်ိဳးသမီး (၁၀) ဦးကို ဒုတိယအႀကိမ္အျဖစ္ ေန႔လယ္(၂) နာရီတြင္လည္းေကာင္း လႊဲေျပာင္းေပးလာျခင္းျဖစ္သည္။

"ထိုင္းႏိုင္ငံေရာက္တာ (၃) ႏွစ္ရိွၿပီ။ ပတ္စပို႔စ္လည္းရိွတယ္။ ခ်င္းမိုင္က စက္ရံုမွာလုပ္တယ္။ ေန႔လယ္(၁၁) နာရီေလာက္မွာ ဝင္ဖမ္းတယ္။ စက္ရံုက ျမန္မာႏိုင္ငံသား (၁၄) ေယာက္အဖမ္းခံရတယ္။ အခု (၁၃) ေယာက္ ပါလာတယ္။ (၁) ေယာက္ကက်န္ခဲ့တယ္ အသက္မျပည့္ေသးလို႔။ ဘန္ေကာက္မွာ ပတ္စပို႔စ္လုပ္တယ္။ ခ်င္းမိုင္မွာအလုပ္လုပ္လို႔ အဖမ္းခံရတာေပါ့။ သူေဌးမတူလို႔။ အခ်ဳပ္ထဲမွာ (၁၇) ရက္ေလာက္ေနခဲ့ရတယ္"ဟု လႊဲေျပာင္းေပးခံရသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားတြင္ ကရင္ျပည္နယ္မွ အမ်ိဳးသား (၁) ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ိဳးသား (၁၅) ဦးႏွင့္ အမ်ိဳးသမီး (၁၉) ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ိဳးသား (၃၃) ဦးႏွင့္ အမ်ိဳးသမီး (၁၉) ဦး၊ မႏၱေလးတိုင္းေဒသႀကီးမွ အမ်ိဳးသမီး (၁) ဦး၊ ရန္ကုန္တိုင္းေဒသႀကီးမွ အမ်ိဳးသမီး (၁) ဦးႏွင့္ မေကြးတိုင္းေဒသႀကီးမွ အမ်ိဳးသား (၂) ဦးတို႔ပါ၀င္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ ပတ္စပို႔စ္မရိွဘူး။ ပိုက္ဆံ (၈၀၀၀) ဘတ္ေပးၿပီးေတာ့သြားတာေပါ့။ (၂) ႏွစ္ေက်ာ္ရိွၿပီ။ ေဆးသုတ္တာေပါ့။ (၁၅) ရက္ေန႔ကအဖမ္းခံရတာ။ ေဆးသုတ္ေနရင္း ပစၥည္းကုန္လို႔ ပစၥည္းသြားယူရင္း သူတို႔နဲ႔(ထိုင္းရဲတပ္ဖြဲ႕)ေတြ႕ၿပီး ကားေပၚေခၚတင္လာတာေပါ့။ အခ်ဳပ္ထဲမွာ (၇) ရက္ေနခဲ့ရတယ္"ဟု ထိုင္းႏိုင္ငံလုပ္ငန္းခြင္တြင္ ဖမ္းဆီးခံရသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕သို႔ ျပန္လည္ပို႔ေဆာင္ခံရသည့္ ျမန္မာႏိုင္ငံသားမ်ားထဲတြင္ တရားမဝင္သြားေရာက္မႈေၾကာင့္ ဖမ္းဆီးခံရသည့္ အမ်ိဳးသား (၂၀) ဦးႏွင့္ အမ်ိဳးသမီး (၁၀) ဦး၊ နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင့္ ဖမ္းဆီးခံရသည့္ အမ်ိဳးသား (၂၂) ဦးႏွင့္ အမ်ိဳးသမီး (၉) ဦး၊ ရက္ေက်ာ္ေနထိုင္မႈေၾကာင့္ ဖမ္းဆီးခံရသည့္ အမ်ိဳးသား (၁၃) ဦးႏွင့္ အမ်ိဳးသမီး (၂၁) ဦးတို႔ပါဝင္ေၾကာင္း သိရသည္။

"ကၽြန္မ ၂၀၁၀ ခုႏွစ္ကတည္းက ထိုင္းႏိုင္ငံသြားတာ။ တရားဝင္သြားတာေပါ့။ ေနရင္းနဲ႔ ၂၀၁၆ ခုႏွစ္မွာ သက္တမ္းကုန္သြားတယ္။ ဒီတိုင္းပဲေနလိုက္တယ္။ မႏွစ္က ပတ္စပို႔စ္ျပန္ရတယ္။ အခုက သက္တမ္းကုန္ေနၿပီ။ ထပ္လုပ္မယ္ဆိုေတာ့ ဘတ္ (၃၀,၀၀၀) ေတာင္းတယ္။ အဲဒါနဲ႔ ထပ္မလုပ္ျဖစ္ဘူး။ လတ္တေလာ အေမေနမေကာင္းျဖစ္လို႔ ျပန္လာတာ။ ဘက္စ္ကားလက္မွတ္ျဖတ္ၿပီး ျပန္လာတာေပါ့။ ခ်င္းမိုင္ထိ ဘာမွမျဖစ္ဘူး။ မယ္ဆိုင္အဝင္မွာ ကားေပၚတက္စစ္တယ္။ ပတ္စပို႔စ္သက္တမ္းကုန္ေနေတာ့ ပိုက္ဆံေတာင္းတယ္။ ဆြဲႀကိဳးခၽြတ္ေပးေတာ့လည္း မယူဘူး။ သူတို႔က ပိုက္ဆံပဲယူမယ္ေျပာတယ္။ ဘယ္ေလာက္ဆိုတာ မေျပာဘူး။ ပိုက္ဆံမေပးရင္ ေထာင္ (၁) ႏွစ္နဲ႔ ဒဏ္ေငြေဆာင္ရမယ္ေျပာတယ္။ ေနာက္ရက္က်ေတာ့ တရားရံုးမွာတင္ေတာ့ ဒဏ္ေငြ ဘတ္ (၅၀၀) ပဲေပးခဲ့ရတယ္။ အခ်ဳပ္ထဲမွာ (၄) ရက္ေနရတယ္။ ပိုက္ဆံ ဘတ္ (၃၀၀) ေပးရင္လႊတ္ေပးမယ္ေျပာတယ္။ ကၽြန္မ မေပးဘူး။ အခ်ဳပ္ထဲမွာ မိန္းကေလးေတြက်န္ခဲ့ေတာ့ မေပးေသးဘူး။ ဆက္ေနတယ္။ မနက္ပိုင္းက တစ္သုတ္လႊတ္လိုက္ေတာ့ ကၽြန္မတို႔ မိန္းကေလး (၃) ေယာက္ပဲက်န္ေတာ့တာ။ ပိုက္ဆံ (၃၀၀) ေပးရင္လႊတ္မယ္။ မေပးရင္ ေနာက္တစ္ပတ္ေသာၾကာေန႔ထိထားမယ္ေျပာေတာ့ ကၽြန္မ (၃) ေယာက္စာ စိုက္ေပးခဲ့တယ္။ အခုဒီေရာက္လာတာေပါ့"ဟု ပတ္စပိုစ့္သက္တမ္းေက်ာ္လြန္သျဖင့္ ဖမ္းဆီးခံခဲ့ရသည့္ အမ်ိဳးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္လဝကမွ တာဝန္ရွိသူမ်ားက လႊဲေျပာင္းေပးလာရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၉၅) ဦးကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၄) ရက်နေ့က နှစ်ကြိမ်ခွဲ၍ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည်။

မြန်မာနိုင်ငံသားအမျိုးသား (၂၂) ဦး၊ အမျိုးသမီး (၃၀) ဦး စုစုပေါင်း (၅၂) ဦးကို နေ့လယ် (၁၁)နာရီခွဲတွင်လည်းကောင်း၊ အမျိုးသား (၃၃) ဦးနှင့် အမျိုးသမီး (၁၀) ဦးကို ဒုတိယအကြိမ်အဖြစ် နေ့လယ်(၂) နာရီတွင်လည်းကောင်း လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

"ထိုင်းနိုင်ငံရောက်တာ (၃) နှစ်ရှိပြီ။ ပတ်စပို့စ်လည်းရှိတယ်။ ချင်းမိုင်က စက်ရုံမှာလုပ်တယ်။ နေ့လယ်(၁၁) နာရီလောက်မှာ ဝင်ဖမ်းတယ်။ စက်ရုံက မြန်မာနိုင်ငံသား (၁၄) ယောက်အဖမ်းခံရတယ်။ အခု (၁၃) ယောက် ပါလာတယ်။ (၁) ယောက်ကကျန်ခဲ့တယ် အသက်မပြည့်သေးလို့။ ဘန်ကောက်မှာ ပတ်စပို့စ်လုပ်တယ်။ ချင်းမိုင်မှာအလုပ်လုပ်လို့ အဖမ်းခံရတာပေါ့။ သူဌေးမတူလို့။ အချုပ်ထဲမှာ (၁၇) ရက်လောက်နေခဲ့ရတယ်"ဟု လွှဲပြောင်းပေးခံရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများတွင် ကရင်ပြည်နယ်မှ အမျိုးသား (၁) ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား (၁၅) ဦးနှင့် အမျိုးသမီး (၁၉) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၃၃) ဦးနှင့် အမျိုးသမီး (၁၉) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသမီး (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး (၁) ဦးနှင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသား (၂) ဦးတို့ပါဝင်ကြောင်း သိရသည်။

"ကျွန်တော် ပတ်စပို့စ်မရှိဘူး။ ပိုက်ဆံ (၈၀၀၀) ဘတ်ပေးပြီးတော့သွားတာပေါ့။ (၂) နှစ်ကျော်ရှိပြီ။ ဆေးသုတ်တာပေါ့။ (၁၅) ရက်နေ့ကအဖမ်းခံရတာ။ ဆေးသုတ်နေရင်း ပစ္စည်းကုန်လို့ ပစ္စည်းသွားယူရင်း သူတို့နဲ့(ထိုင်းရဲတပ်ဖွဲ့)တွေ့ပြီး ကားပေါ်ခေါ်တင်လာတာပေါ့။ အချုပ်ထဲမှာ (၇) ရက်နေခဲ့ရတယ်"ဟု ထိုင်းနိုင်ငံလုပ်ငန်းခွင်တွင် ဖမ်းဆီးခံရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့သို့ ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာနိုင်ငံသားများထဲတွင် တရားမဝင်သွားရောက်မှုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသား (၂၀) ဦးနှင့် အမျိုးသမီး (၁၀) ဦး၊ နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရသည့် အမျိုးသား (၂၂) ဦးနှင့် အမျိုးသမီး (၉) ဦး၊ ရက်ကျော်နေထိုင်မှုကြောင့် ဖမ်းဆီးခံရသည့် အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး (၂၁) ဦးတို့ပါဝင်ကြောင်း သိရသည်။

"ကျွန်မ ၂၀၁၀ ခုနှစ်ကတည်းက ထိုင်းနိုင်ငံသွားတာ။ တရားဝင်သွားတာပေါ့။ နေရင်းနဲ့ ၂၀၁၆ ခုနှစ်မှာ သက်တမ်းကုန်သွားတယ်။ ဒီတိုင်းပဲနေလိုက်တယ်။ မနှစ်က ပတ်စပို့စ်ပြန်ရတယ်။ အခုက သက်တမ်းကုန်နပြေီ။ ထပ်လုပ်မယ်ဆိုတော့ ဘတ် (၃၀,ဝဝဝ) တောင်းတယ်။ အဲဒါနဲ့ ထပ်မလုပ်ဖြစ်ဘူး။ လတ်တလော အမေနေမကောင်းဖြစ်လို့ ပြန်လာတာ။ ဘက်စ်ကားလက်မှတ်ဖြတ်ပြီး ပြန်လာတာပေါ့။ ချင်းမိုင်ထိ ဘာမှမဖြစ်ဘူး။ မယ်ဆိုင်အဝင်မှာ ကားပေါ်တက်စစ်တယ်။ ပတ်စပို့စ်သက်တမ်းကုန်နေတော့ ပိုက်ဆံတောင်းတယ်။ ဆွဲကြိုးချွတ်ပေးတော့လည်း မယူဘူး။ သူတို့က ပိုက်ဆံပဲယူမယ်ပြောတယ်။ ဘယ်လောက်ဆိုတာ မပြောဘူး။ ပိုက်ဆံမပေးရင် ထောင် (၁) နှစ်နဲ့ ဒဏ်ငွေဆောင်ရမယ်ပြောတယ်။ နောက်ရက်ကျတော့ တရားရုံးမှာတင်တော့ ဒဏ်ငွေ ဘတ် (၅၀၀) ပဲပေးခဲ့ရတယ်။ အချုပ်ထဲမှာ (၄) ရက်နေရတယ်။ ပိုက်ဆံ ဘတ် (၃၀၀) ပေးရင်လွှတ်ပေးမယ်ပြောတယ်။ ကျွန်မ မပေးဘူး။ အချုပ်ထဲမှာ မိန်းကလေးတွေကျန်ခဲ့တော့ မပေးသေးဘူး။ ဆက်နေတယ်။ မနက်ပိုင်းက တစ်သုတ်လွှတ်လိုက်တော့ ကျွန်မတို့ မိန်းကလေး (၃) ယောက်ပဲကျန်တော့တာ။ ပိုက်ဆံ (၃၀၀) ပေးရင်လွှတ်မယ်။ မပေးရင် နောက်တစ်ပတ်သောကြာနေ့ထိထားမယ်ပြောတော့ ကျွန်မ (၃) ယောက်စာ စိုက်ပေးခဲ့တယ်။ အခုဒီရောက်လာတာပေါ့"ဟု ပတ်စပိုစ့်သက်တမ်းကျော်လွန်သဖြင့် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်လဝကမှ တာဝန်ရှိသူများက လွှဲပြောင်းပေးလာရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net