တာချီလိတ်မြို့တွင် အမျိုးသား(၅)ဦးနှင့်အတူ စိတ်ကြွဆေးပြား (၅)သိန်းနီးပါး ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် အမျိုးသား(၅)ဦးနှင့်အတူ စိတ်ကြွဆေးပြား (၅)သိန်းနီးပါး ဖမ်းဆီးရမိ
စက်တင်ဘာ 25, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် အမျိုးသား(၅)ဦးနှင့်အတူ စိတ်ကြွဆေးပြား (၅)သိန်းနီးပါး ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စုအတွင်းဖြစ်သည့် ဟွေရဲကျေးရွာတွင် အမျိုးသား(၅)ဦး နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၅)သိန်းနီးပါး ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၂၀ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင် အချိန်က တာချီလိတ်မြို့နယ် ဝမ်းလုံးကျေးရွာအုပ်စု ဟွေရဲကျေးရွာရှိ စိုင်းခွန်း၏ နေအိမ်အား ဝင်ရောက် စစ်ဆေးရှာဖွေရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် စိုင်းခွန်း အပါအဝင် စိုင်းဆိုင်လှိုင်း၊ လီခေါ(ခ)လော်ဂေါ၊ လီယား နှင့် လော်ရိုးတို့ကို တွေ့ရှိရပြီး ဆက်လက်စစ်ဆေးရှာဖွေရာက နေအိမ် ခြံဝန်းအတွင်း ရပ်တန့်ထားသည့် မော်တော်ယာဉ်အတွင်းထဲက စိတ်ကြွရူးသွပ်ဆေးပြား (၄၉၉,၈၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားရှိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စုတွင်လည်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ၍ ဆက်လက်စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~