မေကြးတုိင္းတြင္ (၈)လအတြင္း အသက္ (၂)ႏွစ္မွ (၁၀)ႏွစ္ၾကား ကေလးငယ္ (၁၀)ဦး မုဒိမ္းမႈက်ဴးလြန္ခံရ

မေကြးတုိင္းတြင္ (၈)လအတြင္း အသက္ (၂)ႏွစ္မွ (၁၀)ႏွစ္ၾကား ကေလးငယ္ (၁၀)ဦး မုဒိမ္းမႈက်ဴးလြန္ခံရ
စက်တင်ဘာ 23, 2019
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၉ ခုႏွစ္ (၈)လတာကာလအတြင္း ျဖစ္ပြားခဲ့သည့္ သက္ငယ္မုဒိမ္းမႈ (၁၀)မႈတြင္ အငယ္ဆံုး အသက္(၂)ႏွစ္မွ အသက္ (၁၀)ႏွစ္အရြယ္ၾကား ကေလးငယ္မ်ား က်ဴးလြန္ခံခဲ့ၾကရေၾကာင္း ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

မေကြးတိုင္းေဒသႀကီးအတြင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔မွ ၾသဂုတ္လ (၃၁) ရက္ေန႔ အထိ အမႈႀကီး (၁၄၄) မႈျဖစ္ပြားခဲ့သည့္အနက္ လူသတ္မႈ (၆၆)မႈႏွင့္ မုဒိန္းမႈ (၆၆)မႈစီျဖင့္ အမ်ားဆံုး ျဖစ္ပြားခဲ့သည္ကို ေတြ႔ရသည္။

“မုဒိမ္းမႈေတြထဲမွာ သက္ငယ္မုဒိမ္းမႈ (၁၀)မႈပါဝင္ၿပီး အမ်ားဆံုးက ေက်းလက္ေတာရြာေတြမွာ အျဖစ္မ်ားတာကို ေတြ႔ရပါတယ္”ဟု မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွ ဒုတိယတိုင္းရဲတပ္ဖဲြ႔မွဴး ရဲမွဴးႀကီး ခင္ေမာင္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၉ ခုႏွစ္ (၈) လတာကာလအတြင္း အျခားအမႈ (၃၇၆၉)မႈ ျဖစ္ပြားခဲ့သည့္အနက္ နာက်င္ ယာဥ္တိုက္မႈက (၉၉၀) ေက်ာ္ျဖင့္ အမ်ားဆံုးျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

 “၂၀၁၈ တစ္ႏွစ္လံုးမွာ အမႈႀကီး (၂၁၅)မႈ ျဖစ္ပြားခဲ့ၿပီး ၂၀၁၉ မွာေတာ့ (၈)လပိုင္းကုန္အထိ အမႈႀကီး (၁၄၄)မႈ၊ အျခားမႈအေနနဲ႔လည္း ၂၀၁၈ တစ္ႏွစ္လံုးမွာ (၅၆၄၈)မႈျဖစ္ပြားခဲ့ၿပီး ၂၀၁၉ (၈)လပိုင္းကုန္အထိ (၃၇၀၀) ေက်ာ္ပဲရိွတာေၾကာင့္ မႏွစ္ကထက္ အမႈႀကီးေရာ အျခားမႈပါ ျဖစ္ပြားမႈႏွဳန္းက ေလ်ာ့နည္းမယ့္ အေျခအေနရိွပါတယ္”ဟု မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွ ဒုတိယတိုင္းရဲတပ္ဖဲြ႔မွဴး ရဲမွဴးႀကီး ခင္ေမာင္လတ္က ေျပာသည္။

အဆိုပါကာလအတြင္း မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈ(၄၉)မႈရိွခဲ့ၿပီး အမ်ိဳးသား (၈၄)ဦးႏွင့္ အမ်ိဳးသမီး(၁၀) ဦးတုိ႔ကို မူးယစ္မႈႏွင့္ ဆက္စပ္ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။

တိုင္းအတြင္း မူးယစ္ေဆးဖမ္းဆီးရရိွမႈတြင္  မေကြးခရိုင္က (၁၆)မႈျဖင့္ အမ်ားဆံုးဖမ္းမိျခင္းျဖစ္ၿပီး ပခုကၠဴခရိုင္တြင္(၁၄)မႈ၊ သရက္ခရိုင္တြင္(၇)မႈ၊ ဂန္႔ေဂါခရိုင္တြင္(၆)မႈႏွင့္ မင္းဘူးခရိုင္တြင္(၆)မႈ ဖမ္းမိခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းတွင် (၈)လအတွင်း အသက် (၂)နှစ်မှ (၁၀)နှစ်ကြား ကလေးငယ် (၁၀)ဦး မုဒိမ်းမှုကျူးလွန်ခံရ
*************
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် (၈)လတာကာလအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှု (၁၀)မှုတွင် အငယ်ဆုံး အသက်(၂)နှစ်မှ အသက် (၁၀)နှစ်အရွယ်ကြား ကလေးငယ်များ ကျူးလွန်ခံခဲ့ကြရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့ အထိ အမှုကြီး (၁၄၄) မှုဖြစ်ပွားခဲ့သည့်အနက် လူသတ်မှု (၆၆)မှုနှင့် မုဒိန်းမှု (၆၆)မှုစီဖြင့် အများဆုံး ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

“မုဒိမ်းမှုတွေထဲမှာ သက်ငယ်မုဒိမ်းမှု (၁၀)မှုပါဝင်ပြီး အများဆုံးက ကျေးလက်တောရွာတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ ခုနှစ် (၈) လတာကာလအတွင်း အခြားအမှု (၃၇၆၉)မှု ဖြစ်ပွားခဲ့သည့်အနက် နာကျင် ယာဉ်တိုက်မှုက (၉၉၀) ကျော်ဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

 “၂၀၁၈ တစ်နှစ်လုံးမှာ အမှုကြီး (၂၁၅)မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၉ မှာတော့ (၈)လပိုင်းကုန်အထိ အမှုကြီး (၁၄၄)မှု၊ အခြားမှုအနေနဲ့လည်း ၂၀၁၈ တစ်နှစ်လုံးမှာ (၅၆၄၈)မှုဖြစ်ပွားခဲ့ပြီး ၂၀၁၉ (၈)လပိုင်းကုန်အထိ (၃၇၀၀) ကျော်ပဲရှိတာကြောင့် မနှစ်ကထက် အမှုကြီးရော အခြားမှုပါ ဖြစ်ပွားမှုနှုန်းက လျော့နည်းမယ့် အခြေအနေရှိပါတယ်”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

အဆိုပါကာလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု(၄၉)မှုရှိခဲ့ပြီး အမျိုးသား (၈၄)ဦးနှင့် အမျိုးသမီး(၁၀) ဦးတို့ကို မူးယစ်မှုနှင့် ဆက်စပ်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

တိုင်းအတွင်း မူးယစ်ဆေးဖမ်းဆီးရရှိမှုတွင်  မကွေးခရိုင်က (၁၆)မှုဖြင့် အများဆုံးဖမ်းမိခြင်းဖြစ်ပြီး ပခုက္ကူခရိုင်တွင်(၁၄)မှု၊ သရက်ခရိုင်တွင်(၇)မှု၊ ဂန့်ဂေါခရိုင်တွင်(၆)မှုနှင့် မင်းဘူးခရိုင်တွင်(၆)မှု ဖမ်းမိခဲ့ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net