တာခ်ီလိတ္တြင္ ေန႔ခင္းအခ်ိန္ ေသနတ္ျဖင့္ လိုက္လံပစ္ခတ္မႈျဖစ္ပြားရာက တစ္ဦးဒဏ္ရာရ

တာခ်ီလိတ္တြင္ ေန႔ခင္းအခ်ိန္ ေသနတ္ျဖင့္ လိုက္လံပစ္ခတ္မႈျဖစ္ပြားရာက တစ္ဦးဒဏ္ရာရ
မေ 13, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္း မယ္ေခါင္ရပ္ကြက္ ေရႊေျမသာယာေစ်းအနီးတြင္ ဆိုင္ကယ္စီးနင္းလာသူ (၄) ဦးကို မည္မသိဆိုင္ကယ္စီးနင္းလာသူတစ္ဦးက ေသနတ္ျဖင့္ လိုက္လံပစ္ခတ္သျဖင့္ ဆိုင္ကယ္ေနာက္မွ လိုက္ပါစီးနင္းလာသူတစ္ဦး ေသနတ္ဒဏ္ရာရရိွသြားမႈ ၂၀၁၉ ခုႏွစ္ ေမလ (၁၃) ရက္ေန႔ ညေန (၃)နာရီခြဲ၀န္းက်င္အခ်ိန္က  ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ဟိုတယ္တစ္ခုတြင္ လံုၿခံဳေရး၀န္ထမ္းအျဖစ္ လုပ္ကိုင္ေနသည့္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ) ရပ္ကြက္၊ ၀မ္မိုင္ရြာေန ေမာင္ေအာင္ျပည့္ၿဖိဳးမွာ သူငယ္ခ်င္း (၃) ဦးႏွင့္အတူ ဆိုင္ကယ္ (၂) စီးျဖင့္ မယ္ေခါင္ရပ္ကြက္ ေရႊေျမသာယာေစ်း ေဘးလမ္းမွ ေတာ္ေကာ့အတြင္းဘက္သို႔ ေမာင္း၀င္လာစဥ္လမ္းၾကားအေရာက္တြင္ CLICK ဆိုင္ကယ္ျဖင့္ ခဲေရာင္အုပ္ထုပ္ေဆာင္းထားသည့္ အမည္မသိအမ်ိဳးသားတစ္ဦးက ေသနတ္အတိုျဖင့္ (၄၊ ၅) ခ်က္ခန္႔ လိုက္လံပစ္ခတ္သျဖင့္ ေမာင္ေအာင္ျပည့္ၿဖိဳး၏ ေနာက္ေက်ာယာဘက္လက္ျပင္တြင္ က်ည္ေဖာက္၀င္ဒဏ္ရာ (၁) ခ်က္၊ ေရွ႕ယာရင္အံုအထက္ ဂ်ဳိင္းစပ္တြင္ က်ည္ေဖာက္၀င္ဒဏ္ရာ (၁) ခ်က္ရရိွခဲ့ၿပီးေနာက္ ေဆး၀ါးကုသမႈ ခံယူေနေၾကာင္း သိရသည္။

"ပစ္ခတ္မႈျဖစ္တာ ဟုတ္တယ္။ ေသနတ္နဲ႔ပစ္သြားတဲ့သူကို နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးနဲ႔ ကြ်န္ေတာ္နဲ႔ လိုက္ဖမ္းေနတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဒုတိယနယ္ထိန္းေခါင္းေဆာင္  ရဲအရာခံ ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ေမာင္ျပည့္ၿဖိဳးေအာင္အား ေသနတ္ျဖင့္ပစ္ခတ္သူ အမည္မသိအမ်ိဳးသားကို ဖမ္းစီးရမိေရးေဆာင္ရြက္ေနၿပီး အမႈဖြင့္အေရးယူႏိုင္ရန္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - KHS



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်း မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာဈေးအနီးတွင် ဆိုင်ကယ်စီးနင်းလာသူ (၄) ဦးကို မည်မသိဆိုင်ကယ်စီးနင်းလာသူတစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းလာသူတစ်ဦး သေနတ်ဒဏ်ရာရရှိသွားမှု ၂၀၁၉ ခုနှစ် မေလ (၁၃) ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ဟိုတယ်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဝမ်မိုင်ရွာနေ မောင်အောင်ပြည့်ဖြိုးမှာ သူငယ်ချင်း (၃) ဦးနှင့်အတူ ဆိုင်ကယ် (၂) စီးဖြင့် မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာဈေး ဘေးလမ်းမှ တော်ကော့အတွင်းဘက်သို့ မောင်းဝင်လာစဉ်လမ်းကြားအရောက်တွင် CLICK ဆိုင်ကယ်ဖြင့် ခဲရောင်အုပ်ထုပ်ဆောင်းထားသည့် အမည်မသိအမျိုးသားတစ်ဦးက သေနတ်အတိုဖြင့် (၄၊ ၅) ချက်ခန့် လိုက်လံပစ်ခတ်သဖြင့် မောင်အောင်ပြည့်ဖြိုး၏ နောက်ကျောယာဘက်လက်ပြင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ရှေ့ယာရင်အုံအထက် ဂျိုင်းစပ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီးနောက် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

"ပစ်ခတ်မှုဖြစ်တာ ဟုတ်တယ်။ သေနတ်နဲ့ပစ်သွားတဲ့သူကို နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးနဲ့ ကျွန်တော်နဲ့ လိုက်ဖမ်းနေတယ်။"ဟု တာချီလိတ်မြို့မရဲစခန်းမှ ဒုတိယနယ်ထိန်းခေါင်းဆောင် ရဲအရာခံ ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်ပြည့်ဖြိုးအောင်အား သေနတ်ဖြင့်ပစ်ခတ်သူ အမည်မသိအမျိုးသားကို ဖမ်းစီးရမိရေးဆောင်ရွက်နပြေီး အမှုဖွင့်အရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net