တာခ်ီလိတ္ၿမိဳ႕နယ္တြင္း အမ်ားျပည္သူလိုအပ္သည့္ ဝန္ေဆာင္မႈေပးႏုိင္ေရး ဌာနဆုိင္ရာ ဝန္ထမ္းမ်ားကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ေတြ႕ဆံုေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕နယ္တြင္း အမ်ားျပည္သူလိုအပ္သည့္ ဝန္ေဆာင္မႈေပးႏုိင္ေရး ဌာနဆုိင္ရာ ဝန္ထမ္းမ်ားကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ေတြ႕ဆံုေဆြးေႏြး
စက်တင်ဘာ 2, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ ဌာနဆုိင္ရာဝန္ထမ္းမ်ားအေနျဖင့္ အမ်ားျပည္သူ လိုအပ္သည့္ ဝန္ေဆာင္မႈေပးႏုိင္ေရးေဆာင္ရြက္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး၊ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးစိုးေဇာ္က ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔တြင္ ေတြ႔ဆံုေဆြးေႏြးသည္။

"ျပည္သူေရြးခ်ယ္ထားတဲ့ ျပည္သူ႔အစိုးရရဲ႕ လုပ္ငန္းေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ ေအာက္ေျခဝန္ထမ္းေတြ ထဲထဲဝင္ဝင္ပါဝင္ေစခ်င္တယ္။ ျပည္သူေတြနဲ႔ ထိေတြ႕ဆက္ဆံၿပီး ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ရည္ရြယ္ပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးစိုးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွလုပ္ေဆာင္ေနသည့္ ဌာနဆုိင္ရာမ်ားဦးေဆာင္ၿပီး ျပည္သူမ်ားႏွင့္အတူ စုေပါင္းအမိႈက္ေကာက္ျခင္း၊ ျပည္သူ႔ ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ရပ္ကြက္၊ ေက်းရြာမ်ားအထိ လိုက္လံေဆာင္ရြက္ေပးျခင္း စသည့္ ျပည္သူမ်ား၏ အခက္အခဲမ်ားကို ေျဖရွင္းေပးသည့္လုပ္ငန္းမ်ားေဆာင္ရြက္ျခင္းျဖင့္ ျပည္သူမ်ား၏ ယံုၾကည္မႈ ရရိွေစရန္ ေဆာင္ရြက္ၾကရန္ ဌာနဆုိင္ရာဝန္ထမ္းမ်ားက ရရိွလာမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးစိုးေဇာ္က တိုက္တြန္းသြားသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ျပည္နယ္တြင္းမွ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးမႈမ်ားလုပ္ေဆာင္ေနရာ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၁) ရက္ေန႔က က်ိဳင္းတံုၿမို႕ႏွင့္ မိုင္းျဖတ္ၿမို႕မ်ားတြင္ ေတြ႔ဆံုခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္ (Tachileik News Agency)
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း(Tachileik News Agency)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်တွင်း အများပြည်သူလိုအပ်သည့် ဝန်ဆောင်မှုပေးနိုင်ရေး ဌာနဆိုင်ရာ ဝန်ထမ်းများကို ပြည်နယ်အုပ်ချုပ်ရေးမှူး တွေ့ဆုံဆွေးနွေး
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အများပြည်သူ လိုအပ်သည့် ဝန်ဆောင်မှုပေးနိုင်ရေးဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသည်။

"ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျွန်တော်တို့ အောက်ခြေဝန်ထမ်းတွေ ထဲထဲဝင်ဝင်ပါဝင်စေချင်တယ်။ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိလုပ်ဆောင်နေသည့် ဌာနဆိုင်ရာများဦးဆောင်ပြီး ပြည်သူများနှင့်အတူ စုပေါင်းအမှိုက်ကောက်ခြင်း၊ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများအထိ လိုက်လံဆောင်ရွက်ပေးခြင်း စသည့် ပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးသည့်လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှု ရရှိစေရန် ဆောင်ရွက်ကြရန် ဌာနဆိုင်ရာဝန်ထမ်းများက ရရှိလာမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က တိုက်တွန်းသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်တွင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်နေရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့က ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များတွင် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက် (Tachileik News Agency)
ဓါတ်ပုံ #ကျော်ဇင်ဟိန်း(Tachileik News Agency)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net