တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိ

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိ
မေ 3, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိ

နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း  ဟိုရမ်း(၁)ကျေးရွာတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် ကွင်းဆက်ဖမ်းမိရေးအတွက် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဟိုရမ်း(၁)ကျေးရွာအတွင်းရှိ ဦးကမ်ခမ်း၏ နေအိမ်အား ရဲတပ်ဖွဲ့မှ ၂၀၂၀ခုနှစ် မေလ(၂)ရက်နေ့ နံနက်အစောပိုင်းက  ဝင်ရောက်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရှာဖွေရာက နေအိမ် အိပ်ခန်းအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၁,၀၀၀)ပြားကို တွေ့ရှိသိမ်းဆည်းရမိသည့်အပြင်  ခြံဝန်းအတွင်းမှ မော်တော်ယာဉ် (၁)စီးကိုလည်း သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၈)နှစ်ရှိ ကမ်ခမ်းဆိုသူအား ဖမ်းဆီးထားပြီး တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ကား စစ်ဆေးနေလျက်ရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~