တာချီလိတ် နယ်စပ်ဝင်ထွက်ပေါက်မှ တဆင့် သြဂုတ်လ(၂၉)ရက်နေ့အထိ (၇)ရက်အတွင်း ထိုင်းနိုင်ငံသား (၂၄၀၀၀)ကျော် ဝင်ထွက်သွားလာ

တာချီလိတ် နယ်စပ်ဝင်ထွက်ပေါက်မှ တဆင့် သြဂုတ်လ(၂၉)ရက်နေ့အထိ (၇)ရက်အတွင်း ထိုင်းနိုင်ငံသား (၂၄၀၀၀)ကျော် ဝင်ထွက်သွားလာ
သြဂုတ် 30, 2019
By Tachileik News Agency


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ နယ်စပ်  ဝင်ပေါက် ထွက်ပေါက်မှ တဆင့် ၂၀၁၉ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့ထိ (၇)ရက်အတွင်း ညအိပ် နှင့် နေ့ချင်းပြန် လာရောက်ကြသည့် နိုင်ငံခြားသားများတွင် ထိုင်းနိုင်ငံသားမှာ စုစုပေါင်း (၂၄၄၈၀)ဦးရှိ၍ အခြားနိုင်ငံသားများထက် အရေအတွက် အများဆုံးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (တာချီလိတ်ရုံးခွဲ)မှ သိရသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် တာချီလိတ်သို့ ညအိပ် နှင့် နေ့ချင်းပြန် ခရီးစဉ်အဖြစ် လာရောက်ကြရာတွင် ထိုင်းနိုင်ငံသား (၂၄,၄၈၀)ဦးရှိပြီး တတိယနိုင်ငံသား နိုင်ငံခြားသားများမှာ (၃၉၆)ဦး ရှိကြောင်း သိရသည်။

တာချီလိတ်မှ တဆင့် ဝင်ရောက်လာပြီး မိုင်းဖြတ် နှင့် ကျိုင်းတုံခရီးစဉ်များအနေဖြင့် ထိုင်းနိုင်ငံသား နှင့် တတိယနိုင်ငံသား စုစုပေါင်း (၆၇)ဦး လာရောက်ကြကြောင်း နှင့် ပြည်တွင်းခရီးစဉ်သို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားများမှ (၉၈၁)ဦး ရှိသည်။

တာချီလိတ်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများမှာ တာချီလိတ်ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်(ပြည်သူ့)နတ်နန်း၊ တာချီလိတ်ရွှေတိဂုံစေတီတော် နှင့် မြို့နယ်ဓမ္မာရုံသို့ လာရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ် ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်တ(၁)တံတားမှ တဆင့် နေ့ချင်းပြန်ခရီးသွားများအနေဖြင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ သြဂုတ်လ(၂၉)ရက်နေ့အထိ  ထိုင်းနိုင်ငံသား  (၇၅၂,၀၃၇) ဦး၊ တတိယနိုင်ငံသား ခရီးသည် စုစုပေါင်း (၉,၉၁၁)ဦးရှိကြောင်း သိရှိရသည်။

Tachileik News Agency
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net