တာခ်ီလိတ္တြင္ အမိႈက္စနစ္တက်စြန္႔ပစ္ေရး လႈပ္ရွားမႈအျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ အမိႈက္ပံုးမ်ား ထားမည္

တာခ်ီလိတ္တြင္ အမိႈက္စနစ္တက်စြန္႔ပစ္ေရး လႈပ္ရွားမႈအျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ အမိႈက္ပံုးမ်ား ထားမည္
စက်တင်ဘာ 3, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အမိႈက္စနစ္တက်စြန္႔ပစ္ေရး လႈပ္ရွားမႈလုပ္ေဆာင္ေနရာ ၿမိဳ႕တြင္း လူစည္ကားရာေနရာမ်ား၌ အမိႈက္ပံုးမ်ား ထားရိွေပးၿပီးေနာက္ ဒုတိယ အစီအစဥ္အျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ ထားရိွေပးသြားရန္ စီစဥ္ေနသည္။

"ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးရဲ႕ လမ္းညႊန္မႈအရ စာသင္ေက်ာင္းေတြမွာပါ အမိႈက္ပံုးခ်ထားဖို႔လိုအပ္တယ္ဆိုတာ ေတြ႕ရတာေပါ့။ မ်ိဳးဆက္သစ္လူငယ္ေတြရဲ႕ အသိစိတ္မွာကိုက ကိုယ့္ပတ္ဝန္းက်င္၊ ကိုယ့္ေဒသ သန္႔ရွင္းသာယာလွပေရးအတြက္ ကိုယ္ကိုတိုင္လုပ္ရမယ္ဆိုတဲ့ အသိစိတ္ဓာတ္ေလး ငယ္ငယ္ေလးတည္းက သိရိွေအာင္လို႔ လုပ္ရမွာျဖစ္ပါတယ္။ အရင္လ်ာထားခ်က္ထဲမွာ မရိွေပမဲ့ လူမႈေရးအသင္းအဖြဲ႕ေတြရယ္၊ အလွဴရွင္ေတြရယ္၊ စည္ပင္ရယ္၊ ကၽြန္ေတာ္တို႔ဌာနဆိုင္ရာေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ လုပ္ေဆာင္သြားမယ္။ ေျမစိုက္ပိုစတာေတြ ေထာင္မယ္။ လက္ကမ္းစာေစာင္ေတြလည္း ေဝငွသြားဖို႔ စီစဥ္ထားပါတယ္"ဟု တာခ်ီလိတ္ၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕တြင္းရိွ ရပ္ကြက္ (၁၁) ရပ္ကြက္တြင္ အမိႈက္ပံုး (၆၄) ပံုးကို ခ်ထားေပးျခင္းကို ၾသဂုတ္လ (၂၀)ရက္ေန႔ကတည္းက သက္ဆုိင္ရာဌာနမ်ားႏွင့္ လူမႈေရးအဖြဲ႕တုိ႔ ပူးေပါင္းေဆာင္ရြက္ခဲ့ၿပီးေနာက္ ေန႔စဥ္ အမိႈက္သိမ္းဆည္းေရးကိုလည္း ေဆာင္ရြက္ထားေၾကာင္း သိရသည္။     
 
"ကၽြန္ေတာ္တို႔ ဝန္ထမ္းေတြေပါင္းၿပီးေတာ့ အမိႈက္ကင္းစင္ေရး ေဆာင္ရြက္ေနတာေပါ့။ ဝန္ထမ္းေတြ ဦးေဆာင္ၿပီး ျပည္သူေတြပါလာသလို ျပည္သူေတြက ကိုယ့္ေဒသကိုယ္ သန္႔ရွင္းေအာင္ ေဆာင္ရြက္ဖို႔ ေဖာ္ေဆာင္ေနတာေပါ့"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

တစ္ျပည္နယ္ တစ္ၿမို႕နယ္ စီမံခ်က္ေဖၚေဆာင္ရန္ ရွမ္းျပည္နယ္တြင္း တာခ်ီလိတ္၊ ကေလာႏွင့္ လြဳ္ိင္လင္ (၃) ၿမို႕နယ္ကို ေရြးခ်ယ္ခံခဲ့ရသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕တြင္း အပတ္စဥ္ စုေပါင္းသန္႔ရွင္းေရးအျဖစ္ ၂၀၁၉ ခုနွစ္၊ မတ္လ (၉) ရက္ေန႔တြင္ စတင္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် အမှိုက်စနစ်တကျစွန့်ပစ်ရေး လှုပ်ရှားမှုအဖြစ် အခြေခံပညာကျောင်းများတွင် အမှိုက်ပုံးများ ထားမည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အမှိုက်စနစ်တကျစွန့်ပစ်ရေး လှုပ်ရှားမှုလုပ်ဆောင်နေရာ မြို့တွင်း လူစည်ကားရာနေရာများ၌ အမှိုက်ပုံးများ ထားရှိပေးပြီးနောက် ဒုတိယ အစီအစဉ်အဖြစ် အခြေခံပညာကျောင်းများတွင် ထားရှိပေးသွားရန် စီစဉ်နေသည်။

"ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ လမ်းညွှန်မှုအရ စာသင်ကျောင်းတွေမှာပါ အမှိုက်ပုံးချထားဖို့လိုအပ်တယ်ဆိုတာ တွေ့ရတာပေါ့။ မျိုးဆက်သစ်လူငယ်တွေရဲ့ အသိစိတ်မှာကိုက ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဒေသ သန့်ရှင်းသာယာလှပရေးအတွက် ကိုယ်ကိုတိုင်လုပ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်လေး ငယ်ငယ်လေးတည်းက သိရှိအောင်လို့ လုပ်ရမှာဖြစ်ပါတယ်။ အရင်လျာထားချက်ထဲမှာ မရှိပေမဲ့ လူမှုရေးအသင်းအဖွဲ့တွေရယ်၊ အလှူရှင်တွေရယ်၊ စည်ပင်ရယ်၊ ကျွန်တော်တို့ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ဆောင်သွားမယ်။ မြေစိုက်ပိုစတာတွေ ထောင်မယ်။ လက်ကမ်းစာစောင်တွေလည်း ဝေငှသွားဖို့ စီစဉ်ထားပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်းရှိ ရပ်ကွက် (၁၁) ရပ်ကွက်တွင် အမှိုက်ပုံး (၆၄) ပုံးကို ချထားပေးခြင်းကို သြဂုတ်လ (၂၀)ရက်နေ့ကတည်းက သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် နေ့စဉ် အမှိုက်သိမ်းဆည်းရေးကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။       

"ကျွန်တော်တို့ ဝန်ထမ်းတွေပေါင်းပြီးတော့ အမှိုက်ကင်းစင်ရေး ဆောင်ရွက်နေတာပေါ့။ ဝန်ထမ်းတွေ ဦးဆောင်ပြီး ပြည်သူတွေပါလာသလို ပြည်သူတွေက ကိုယ့်ဒေသကိုယ် သန့်ရှင်းအောင် ဆောင်ရွက်ဖို့ ဖော်ဆောင်နေတာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တစ်ပြည်နယ် တစ်မြို့နယ် စီမံချက်ဖေါ်ဆောင်ရန် ရှမ်းပြည်နယ်တွင်း တာချီလိတ်၊ ကလောနှင့် လွိုင်လင် (၃) မြို့နယ်ကို ရွေးချယ်ခံခဲ့ရသည့်အတွက် တာချီလိတ်မြို့တွင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးအဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net