ျမစ္ႀကီးနားၿမိဳ႕တြင္ အမ်ဳိးသမီးတစ္ဦးအား ဓါးျဖင့္ေထာက္ကာ ေငြလုယက္ရာမွ တစ္ႏွစ္ခြဲအေက်ာ္က ျဖစ္ပြားခဲ့သည့္ KBZ ဘဏ္အတြင္း လုယက္မႈပါ ေဖာ္ထုတ္ဖမ္းဆီးရမိ

ျမစ္ႀကီးနားၿမိဳ႕တြင္ အမ်ဳိးသမီးတစ္ဦးအား ဓါးျဖင့္ေထာက္ကာ ေငြလုယက္ရာမွ တစ္ႏွစ္ခြဲအေက်ာ္က ျဖစ္ပြားခဲ့သည့္ KBZ ဘဏ္အတြင္း လုယက္မႈပါ ေဖာ္ထုတ္ဖမ္းဆီးရမိ
စက်တင်ဘာ 1, 2019
By Tachileik News Agency

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ အမ်ဳိးသမီးတစ္ဦးအား ဓါးျဖင့္ ေထာက္ကာ ေငြက်ပ္သိန္း(၂၃၀) လုယူထြက္ေျပးသြားသူမ်ားအား ဖမ္းဆီးရမိရာက ဆက္လက္စစ္ေဆးရာမွ  ျမစ္ႀကီးနားၿမိဳ႕ရွိ ကေမၻာဇမီနီဘဏ္အတြင္း လုယက္မႈပါ ေဖာ္ထုတ္ႏိုင္လိုက္ေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔က ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ေန႔က ထုတ္ျပန္ထားရွိသည္။

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္တြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၆)ရက္ေန႔က  အမ်ဳိးသမီးတစ္ဦးသည့္ ကေမၻာဇဘဏ္ခြဲအမွတ္(၁)မွ ေငြက်ပ္သိန္း (၂၃၀)အား ထုတ္ယူလာၿပီး ေနအိမ္သို႔ ျပန္ေရာက္စဥ္ ေနအိမ္ အျပင္ဘက္၌ လူငယ္ (၃)ဦးသည္ အျဖဴေရာင္ Honda Fit ယာဥ္ျဖင့္ ေရာက္ရွိလာၿပီး လူငယ္(၂)ဦးမွ ကားေပၚမွ ဆင္းကာ ေဒၚဇုံးဝမ္အား ဓားျဖင့္ ေထာက္၍ “ စကားမမ်ားနဲ႔ ၿငိမ္ၿငိမ္ေန ေသသြားမယ္ ” ဟု ေျပာဆိုၿပီး ေငြက်ပ္သိန္း (၂၃၀) အထုပ္ကို ဆြဲယူထြက္ေျပးသြားသည့္အတြက္  ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၆၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂/၁၁၄ ျဖင့္ အမႈဖြင့္စံုစမ္းရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမႈႏွင့္ ပတ္သက္၍ ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔က စံုစမ္းေဖာ္ထုတ္ရာ  မသကၤာတရားခံ မတူးမာ(ခ)တိုးတိုးလြင္အား စစ္ေဆးရာမွ  ၎၏ ခင္ပြန္းျဖစ္သူ ခင္ေမာင္ဇင္ အပါအ၀င္  ရဲေဇာ္ထြန္း(ခ)ဘိုဘို၊ သက္ေထြး (၃)ဦးအား ဖမ္းဆီးရမိၿပီး ၎တို႔(၃)ဦးသည္ ေငြက်ပ္သိန္း(၂၃၀)ကို လုယူသြားခဲ့ျခင္ျဖစ္သည္ကို စစ္ေဆးေပၚေပါက္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ (၃)ဦးအား ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ျမစ္ႀကီးနားၿမိဳ႕ မင္းရပ္ ရပ္ကြက္ စည္ပင္သာယာၿမိဳ႕မေဈး(၁) A ႐ုံ၊ အေပၚထပ္ရွိ ကေမၻာဇမီနီဘဏ္ ၌ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၃)ရက္ေန႔က ျဖစ္ပြားခဲ့သည့္  ေငြက်ပ္ (၉၂၀) သိန္းခန္႔ႏွင့္အတူ CCTV အထိုင္စက္တို႔ကို လုယူသြားသည့္ ျဖစ္စဥ္တြင္ Mask(မ်က္ႏွာဖုံး)ထားသည့္  လူငယ္(၄)ဦးမွာ ၎တို႔ျဖစ္ေနေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၃)ရက္ေန႔၏ ျဖစ္စဥ္မွာ လူငယ္(၄)ဦးသည္ Mask(မ်က္ႏွာဖုံး)အုပ္လ်က္ ဘဏ္အတြင္းသို႔ ဝင္ေရာက္ကာ အနက္ေရာင္ ေသနတ္ အတိုျဖင့္ ၿခိမ္းေျခာက္၍ ဘဏ္ဝန္ထမ္းမ်ားကို ၾကမ္းျပင္တြင္ ေမွာက္ခိုင္းကာ ဘဏ္လုံျခဳံေရးဝန္ထမ္းအား ဝိုင္းဝန္းထိုးႀကိတ္ရိုက္ႏွက္ၿပီး ဘဏ္ေကာင္တာအတြင္းဘက္ရွိ ကေမၻာဇတံဆိပ္ပါ အိတ္(၃)အိတ္ျဖင့္ ထည့္ထားသည့္ ေငြက်ပ္သိန္း(၉၂၀)အား ယူေဆာင္ၿပီး ဘဏ္ဝန္ထမ္း(၃)ဦး၏ လက္ကိုင္ဖုန္းမ်ားကိုပါ လုယူသြားခဲ့သည့္အတြက္ ျမစ္ႀကီးနားၿမိဳ႕မရဲစခန္း(ပ) ၁၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/ ၁၁၄ ျဖင့္ အမႈဖြင့္ထားရာမွ တစ္နွစ္ခြဲေက်ာ္အၾကာတြင္ ေဖာ္ထုတ္ဖမ္းဆီးရမိျခင္းျဖစ္သည္။

ဘဏ္အတြင္း လုယူသူ တရားခံ လူငယ္(၄)ဦးျဖစ္သည့္   သက္ေထြး၊ ခင္ေမာင္ဇင္ ၊ ဦးကဲ(ခ) ေအာင္ဆန္းေထြး ႏွင့္ နိုင္မင္းထြန္းတို႔(၄)ဦးတို႔အား ဖမ္းဆီးရမိထားၿပီး သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္းရမိေရး ႏွင့္ အျခားအမႈမ်ား က်ဴးလြန္ထားျခင္း ရွိ မရွိကို ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔မွ ဆက္လက္စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MAF


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့် ထောက်ကာ ငွေကျပ်သိန်း(၂၃၀) လုယူထွက်ပြေးသွားသူများအား ဖမ်းဆီးရမိရာက ဆက်လက်စစ်ဆေးရာမှ မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇမီနီဘဏ်အတွင်း လုယက်မှုပါ ဖော်ထုတ်နိုင်လိုက်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ၂၀၁၉ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့က ထုတ်ပြန်ထားရှိသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၆)ရက်နေ့က အမျိုးသမီးတစ်ဦးသည့် ကမ္ဘောဇဘဏ်ခွဲအမှတ်(၁)မှ ငွေကျပ်သိန်း (၂၃၀)အား ထုတ်ယူလာပြီး နေအိမ်သို့ ပြန်ရောက်စဉ် နေအိမ် အပြင်ဘက်၌ လူငယ် (၃)ဦးသည် အဖြူရောင် Honda Fit ယာဉ်ဖြင့် ရောက်ရှိလာပြီး လူငယ်(၂)ဦးမှ ကားပေါ်မှ ဆင်းကာ ဒေါ်ဇုံးဝမ်အား ဓားဖြင့် ထောက်၍ “ စကားမများနဲ့ ငြိမ်ငြိမ်နေ သေသွားမယ် ” ဟု ပြောဆိုပြီး ငွေကျပ်သိန်း (၂၃၀) အထုပ်ကို ဆွဲယူထွက်ပြေးသွားသည့်အတွက် မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ) ၄၆၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ မသင်္ကာတရားခံ မတူးမာ(ခ)တိုးတိုးလွင်အား စစ်ဆေးရာမှ၎င်း၏ ခင်ပွန်းဖြစ်သူ ခင်မောင်ဇင် အပါအဝင် ရဲဇော်ထွန်း(ခ)ဘိုဘို၊ သက်ထွေး (၃)ဦးအား ဖမ်းဆီးရမိပြီး၎င်းတို့(၃)ဦးသည် ငွေကျပ်သိန်း(၂၃၀)ကို လုယူသွားခဲ့ခြင်ဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် (၃)ဦးအား ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာက မြစ်ကြီးနားမြို့ မင်းရပ် ရပ်ကွက် စည်ပင်သာယာမြို့မဈေး(၁) A ရုံ၊ အပေါ်ထပ်ရှိ ကမ္ဘောဇမီနီဘဏ်၌ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် ငွေကျပ် (၉၂၀) သိန်းခန့်နှင့်အတူ CCTV အထိုင်စက်တို့ကို လုယူသွားသည့် ဖြစ်စဉ်တွင် Mask(မျက်နှာဖုံး)ထားသည့် လူငယ်(၄)ဦးမှာ၎င်းတို့ဖြစ်နေကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့၏ ဖြစ်စဉ်မှာ လူငယ်(၄)ဦးသည် Mask(မျက်နှာဖုံး)အုပ်လျက် ဘဏ်အတွင်းသို့ ဝင်ရောက်ကာ အနက်ရောင် သေနတ် အတိုဖြင့် ခြိမ်းခြောက်၍ ဘဏ်ဝန်ထမ်းများကို ကြမ်းပြင်တွင် မှောက်ခိုင်းကာ ဘဏ်လုံခြုံရေးဝန်ထမ်းအား ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ပြီး ဘဏ်ကောင်တာအတွင်းဘက်ရှိ ကမ္ဘောဇတံဆိပ်ပါ အိတ်(၃)အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း(၉၂၀)အား ယူဆောင်ပြီး ဘဏ်ဝန်ထမ်း(၃)ဦး၏ လက်ကိုင်ဖုန်းများကိုပါ လုယူသွားခဲ့သည့်အတွက် မြစ်ကြီးနားမြို့မရဲစခန်း(ပ) ၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားရာမှ တစ်နှစ်ခွဲကျော်အကြာတွင် ဖော်ထုတ်ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဘဏ်အတွင်း လုယူသူ တရားခံ လူငယ်(၄)ဦးဖြစ်သည့် သက်ထွေး၊ ခင်မောင်ဇင်၊ ဦးကဲ(ခ) အောင်ဆန်းထွေး နှင့် နိုင်မင်းထွန်းတို့(၄)ဦးတို့အား ဖမ်းဆီးရမိထားပြီး သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိရေး နှင့် အခြားအမှုများ ကျူးလွန်ထားခြင်း ရှိ မရှိကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MAF

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net