ေက်ာက္မဲၿမိဳ႕အဝင္တြင္ အမ်ိဳးသားတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ ဘိန္းျဖဴမ်ားဖမ္းမိ

ေက်ာက္မဲၿမိဳ႕အဝင္တြင္ အမ်ိဳးသားတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပားႏွင့္ ဘိန္းျဖဴမ်ားဖမ္းမိ
မေ 2, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ အဝင္ အိုရီယမ္တယ္ဟိုက္ေဝးတိုးဂိတ္တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၂) ရက္ေန႔ ညပိုင္းက သီေပါဘက္မွ ဆိုင္ကယ္ေမာင္းႏွင္လာသည့္အမ်ိဳးသားတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ ေဆးျပားႏွင့္ ဘိန္းျဖဴတုိ႔ကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

အိုရီယမ္တယ္ဟိုက္ေဝးတိုးဂိတ္တြင္ ရဲတပ္ဖြဲ႕ကသက္ေသမ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေနစဥ္ သီေပါၿမိဳ႕ဘက္မွ ေက်ာက္မဲၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တစ္စီးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဆိုင္ကယ္ေမာင္းႏွင္လာသည့္ စိုင္းစံညြ႔န္ထံမွ WY စာတန္းပါစိတ္ၾကြရူးသြပ္ေဆးျပား ( ၂၀၀ ) ျပားပါ ႏွစ္ထုပ္၊ ( ၁၇၀ )ျပားပါႏွစ္ထုပ္၊ စုစုေပါင္း စိတ္ၾကြရူးသြပ္ေဆးျပား (၇၄၀) ျပားႏွင့္ ဘိန္းျဖဴအနည္းငယ္တုိ႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားအား သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္အလို႔ငွာ လက္ဝယ္ထားရွိသူ စိုင္းစံညႊန္႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျောက်မဲမြို့အဝင်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများဖမ်းမိ
***********
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ အဝင် အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်တွင် ၂၀၁၉ ခုနှစ်၊ မေလ (၂) ရက်နေ့ ညပိုင်းက သီပေါဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ် ဆေးပြားနှင့် ဘိန်းဖြူတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်တွင် ရဲတပ်ဖွဲ့ကသက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းစံညွ့န်ထံမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ( ၂၀၀ ) ပြားပါ နှစ်ထုပ်၊ ( ၁၇၀ )ပြားပါနှစ်ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၇၄၀) ပြားနှင့် ဘိန်းဖြူအနည်းငယ်တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ စိုင်းစံညွှန့်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net