ထုိင္းနိုင္ငံဘက္ တရားမဝင္ ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသူ ၁၃ ဦးကို ျမန္မာဘက္ လႊဲေျပာင္း

ထုိင္းနိုင္ငံဘက္ တရားမဝင္ ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသူ ၁၃ ဦးကို ျမန္မာဘက္ လႊဲေျပာင္း
စက်တင်ဘာ 4, 2019
By 🌸
ထုိင္းႏုိင္ငံဘက္သို႔ တရားမဝင္ခိုးဝင္သြားၿပီး ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသူ (၁၃)ဦး ျပစ္ဒဏ္ေစ့၍ ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ဘက္သို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၄)ရက္ေန႔တြင္ ထုိင္းတာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးလာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၁၂)ဦးႏွင့္ မႏၱေလးတုိင္းေဒသႀကီးမွ (၁)ဦးတုိ႔သည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္းက ထုိင္းႏုိင္ငံတြင္းသို႔ နယ္စပ္ေခ်ာင္းျဖစ္သည့္ မယ္ဆုိင္ေခ်ာင္းကို ျဖတ္၍ တရားမဝင္ ခိုးဝင္သြားသူမ်ားျဖစ္ၿပီး ေထာင္ဒဏ္ (၄)လ က်ခံရၿပီးေနာက္ ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးလာျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္ အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံဘက် တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသူ ၁၃ ဦးကို မြန်မာဘက် လွှဲပြောင်း
*********
ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ခိုးဝင်သွားပြီး ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသူ (၁၃)ဦး ပြစ်ဒဏ်စေ့၍ မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်သို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့တွင် ထိုင်းတာဝန်ရှိသူများက လွှဲပြောင်းပေးလာသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ (၁၂)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ (၁)ဦးတို့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းကို ဖြတ်၍ တရားမဝင် ခိုးဝင်သွားသူများဖြစ်ပြီး ထောင်ဒဏ် (၄)လ ကျခံရပြီးနောက် မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net