ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၂၈) ဦးျပန္လည္လႊဲေျပာင္းရာတြင္ လႊတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လႊတ္ေျမာက္လာသူ (၁၂) ဦးပါ၀င္

ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၂၈) ဦးျပန္လည္လႊဲေျပာင္းရာတြင္ လႊတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လႊတ္ေျမာက္လာသူ (၁၂) ဦးပါ၀င္
မေ 22, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၂၈) ဦးကို ၂၀၁၉ ခုႏွစ္ ေမလ (၂၂) ရက္ေန႔ ညေနပိုင္းက ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္ (၂)တံတား မွ တဆင့္ ျပန္လည္လႊဲေျပာင္းေပးရာတြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္လာသူ (၁၂) ဦးပါ၀င္ၿပီး ယင္းတို႔ထဲတြင္ ႏွစ္ရွည္ေထာင္ဒဏ္က်ခံရသူ (၃) ဦးလည္း ပါ၀င္ေၾကာင္း သိရသည္။

"ဟိုဘက္မွာ အလုပ္လုပ္ရင္းနဲ႔ ပတ္စပို႔လည္း ပါမသြားဘူး။ လက္မွတ္လည္း ပါမသြားဘူး။ လုပ္ရင္းနဲ႔ ၿခံမွာ ရဲ၀င္ဖမ္းရင္းနဲ႔ပါသြားတာေပါ့။ ဘာအေထာက္အထားမွ မပါေတာ့ အမိန္႔ခ်တာနည္းနည္း မ်ားသြားတာေပါ့။ (၂) ႏွစ္နဲ႔ (၆) လခ်ခံရတာေပါ့။ ဒီရက္ပိုင္းမွာ (၂) ႏွစ္ေအာက္ေတြလြတ္ဆိုေတာ့ ကၽြန္ေတာ္တို႔ကအႀကံဳး၀င္သြားတာေပါ့။ (၃) ရက္ေန႔က ေၾကျငာၿပီးေတာ့ သူတို႔ ဟိုစစ္ေဆး၊ ဒီစစ္ေဆးနဲ႔ တစ္ခ်ိဳ႕လည္း (၁၄) ရက္ (၁၅) ရက္ေန႔ေလာက္မွ လြတ္တဲ့သူေတြရိွတယ္။ ကၽြန္ေတာ္က (၁၇) ရက္ေန႔မွ လြတ္တယ္။ ေထာင္ေတြကအမ်ားႀကီးလြတ္ေတာ့ သူတို႔လည္းစာရင္းဇယားလုပ္ရင္းနဲ႔ လြယ္တဲ့သူေတြအရင္လြတ္သြားၿပီးေတာ့ ႏိုင္ငံျခားသားေတြက်ေတာ့ သက္သက္ထားၿပီး စစ္ေဆးၿပီးလြတ္တာဆိုေတာ့ ကၽြန္ေတာ္တို႔က ေနာက္ဆံုးအသုပ္ေပါ့။ ေထာင္ထဲမွာ (၁) ႏွစ္ေက်ာ္ေက်ာ္ေနခဲ့ရတာ။ (၆) လေလာက္အလုပ္ လုပ္ၿပီးေတာ့ ဖမ္းခံရတာေပါ့"ဟု တရားမ၀င္အလုပ္ လုပ္ကိုင္မႈျဖင့္ ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံရၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာသူ တာခ်ီလိတ္ၿမိဳ႕တြင္ ေနထိုင္သည့္ ဦးေဌးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။       

ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးသည့္ (၂၈) ဦးတြင္ တရားမ၀င္သြားေရာက္မႈေၾကာင့္ အမ်ိဳးသား (၃) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦး၊ နယ္ေျမေက်ာ္လြန္သြားေရာက္မႈျဖင့္ အမ်ိဳးသား (၁၉) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦး၊ ရက္ေက်ာ္ေနထိုင္မႈျဖင့္ အမ်ိဳးသား (၂) ဦးပါ၀င္ၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္းမွ (၁၅) ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၇) ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၄) ဦးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးမွ (၂) ဦးပါ၀င္ေၾကာင္း သိရသည္။

၎တို႔အား မယ္ဆိုင္ လ၀က ႏွင့္ အဖြဲ႔က ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း  သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၈) ဦးကို ၂၀၁၉ ခုနှစ် မေလ (၂၂) ရက်နေ့ ညနေပိုင်းက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၂)တံတား မှ တဆင့် ပြန်လည်လွှဲပြောင်းပေးရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ (၁၂) ဦးပါဝင်ပြီး ယင်းတို့ထဲတွင် နှစ်ရှည်ထောင်ဒဏ်ကျခံရသူ (၃) ဦးလည်း ပါဝင်ကြောင်း သိရသည်။

"ဟိုဘက်မှာ အလုပ်လုပ်ရင်းနဲ့ ပတ်စပို့လည်း ပါမသွားဘူး။ လက်မှတ်လည်း ပါမသွားဘူး။ လုပ်ရင်းနဲ့ ခြံမှာ ရဲဝင်ဖမ်းရင်းနဲ့ပါသွားတာပေါ့။ ဘာအထောက်အထားမှ မပါတော့ အမိန့်ချတာနည်းနည်း များသွားတာပေါ့။ (၂) နှစ်နဲ့ (၆) လချခံရတာပေါ့။ ဒီရက်ပိုင်းမှာ (၂) နှစ်အောက်တွေလွတ်ဆိုတော့ ကျွန်တော်တို့ကအကြုံးဝင်သွားတာပေါ့။ (၃) ရက်နေ့က ကြငြောပြီးတော့ သူတို့ ဟိုစစ်ဆေး၊ ဒီစစ်ဆေးနဲ့ တစ်ချို့လည်း (၁၄) ရက် (၁၅) ရက်နေ့လောက်မှ လွတ်တဲ့သူတွေရှိတယ်။ ကျွန်တော်က (၁၇) ရက်နေ့မှ လွတ်တယ်။ ထောင်တွေကအများကြီးလွတ်တော့ သူတို့လည်းစာရင်းဇယားလုပ်ရင်းနဲ့ လွယ်တဲ့သူတွေအရင်လွတ်သွားပြီးတော့ နိုင်ငံခြားသားတွေကျတော့ သက်သက်ထားပြီး စစ်ဆေးပြီးလွတ်တာဆိုတော့ ကျွန်တော်တို့က နောက်ဆုံးအသုပ်ပေါ့။ ထောင်ထဲမှာ (၁) နှစ်ကျော်ကျော်နေခဲ့ရတာ။ (၆) လလောက်အလုပ် လုပ်ပြီးတော့ ဖမ်းခံရတာပေါ့"ဟု တရားမဝင်အလုပ် လုပ်ကိုင်မှုဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ တာချီလိတ်မြို့တွင် နေထိုင်သည့် ဦးဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် (၂၈) ဦးတွင် တရားမဝင်သွားရောက်မှုကြောင့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး၊ နယ်မြေကျော်လွန်သွားရောက်မှုဖြင့် အမျိုးသား (၁၉) ဦးနှင့် အမျိုးသမီး (၁) ဦး၊ ရက်ကျော်နေထိုင်မှုဖြင့် အမျိုးသား (၂) ဦးပါဝင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှ (၁၅) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၇) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၄) ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ (၂) ဦးပါဝင်ကြောင်း သိရသည်။

၎င်းတို့အား မယ်ဆိုင် လဝက နှင့် အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှ တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net