မေကြးၿမိဳ႕တြင္ တစ္ေန႔တည္း ေနရာ(၃)ေနရာ၌ ျခိမ္းေျခာက္မႈ လုယက္မႈႏွင့္ ဓားထိုးမႈမ်ား က်ဴးလြန္ခဲ့သူ(၄)ဦးအနက္ (၂)ဦးကို နာရီပိုင္းအတြင္း ဖမ္းဆီးႏိုင္ခဲ့

မေကြးၿမိဳ႕တြင္ တစ္ေန႔တည္း ေနရာ(၃)ေနရာ၌ ျခိမ္းေျခာက္မႈ လုယက္မႈႏွင့္ ဓားထိုးမႈမ်ား က်ဴးလြန္ခဲ့သူ(၄)ဦးအနက္ (၂)ဦးကို နာရီပိုင္းအတြင္း ဖမ္းဆီးႏိုင္ခဲ့
စက်တင်ဘာ 17, 2019
By Tachileik News Agency

မေကြးၿမိဳ႕ရိွ ေနရာ(၃)ေနရာတို႔၌  တစ္ေန႔တည္းတြင္ ျခိမ္းေျခာက္မႈ၊ လုယက္မႈႏွင့္ ဓားထိုးမႈျဖစ္စဥ္မ်ားကို ဆက္တိုက္ က်ဴးလြန္ခဲ့သူ (၄)ဦးအနက္ (၂)ဦး ကို နာရီပိုင္းအတြင္း ရဲတပ္ဖြဲ႔က ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

၂၀၁၉ခုနွစ္ စက္တင္ဘာလ(၁၆)ရက္ ညေန (၆)နာရီခဲြ၀န္းက်င္အခ်ိန္က မေကြးၿမိဳ႕၌ အႀကီးစားျပင္ဆင္မႈျပဳလုပ္ေနသည့္ ကန္သာ ကန္ေဘာင္တြင္ အပမ္းေျဖလမ္းေလွ်ာက္ရန္ ေရာက္ရိွေနသည့္ အေဝးသင္တကၠသိုလ္ေက်ာင္းသား (၂)ဦးႏွင့္ ေက်ာင္းသူ(၂)ဦးတို႔ကို အမည္မသိ လူ(၄)ဦးတို႔က ေႏွာက္ယွက္ကာ ဓားႏွင့္ထိုးၿပီး ထြက္ေျပးသြားၾကသျဖင့္ အေဝးသင္ သတၱေဗဒ ဒုတိယႏွစ္ေက်ာင္းသား ေမာင္ႏိုင္မ်ိဳးေက်ာ္ ႏွင့္ ေမာင္ထက္အာကာတို႔မွာ ဓားဒဏ္ရာမ်ားရရိွ သြားေၾကာင္း သိရသည္။

“ဓားထိုးမႈျဖစ္စဥ္ သတင္းရရိွတာနဲ႔ ခ်က္ခ်င္းပဲ ကြ်န္ေတာ္နဲ႔ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္သန္းထိုက္ေအာင္ ဦးစီး အဖဲြ႔ေတြ အခင္းျဖစ္ေနရာကိုသြားေရာက္ခဲ့ၿပီး ဒဏ္ရာေတြရရိွထားတဲ့ ေက်ာင္းသားေလး(၂)ဦးကို နာေရးကူညီမႈအသင္းကားနဲ႔ မေကြးတိုင္းေဆးရံုကို ပို႔ေဆာင္လိုက္ပါတယ္။ ကာယကံရွင္ေတြနဲ႔ မ်က္ျမင္သက္ေသေတြကို စစ္ေဆးေမးျမန္းခ်က္ေတြအရ အမည္မသိ လူ(၄)ဦးဟာ ေက်ာင္းသား(၂)ဦးကို ဓားနဲ႔ထိုးၿပီး ျဖဴနက္ၾကားေရာင္ ဆိုင္ကယ္(၁)စီး၊ အနက္ေရာင္  ဆိုင္ကယ္(၁)စီးတို႔နဲ႔ ကန္သာကန္ကေန အထက(၁)လမ္းအတိုင္း အေနာက္ဘက္ကို ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္းနဲ႔ သူတို႔ထဲက တစ္ဦးရဲ႕အမည္ဟာ ေအာင္သူ ျဖစ္ၿပီး ေအာင္ေဇယ်ာရပ္ကြက္မွာေနတယ္ဆိုတာ သိရလို႔ အဖဲြ႔(၅)ဖဲြ႔နဲ႔ ပိတ္ဆို႔ရွာေဖြမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္”ဟု မေကြးၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မိုးေဇာ္ႏိုင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမာင္ႏိုင္မ်ိဳးေက်ာ္တြင္ ဝဲေပါင္၌ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ေမာင္ထက္အာကာ တြင္ ဝဲေပါင္၌ ထိုးသြင္းဒဏ္ရာ (၄)ခ်က္၊ ယာေပါင္၌ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ဝဲေမးေစ့၌ ျပတ္ရွဒဏ္ရာ(၁)ခ်က္ ရရိွသြားေၾကာင္း သိရၿပီး ပိတ္ဆို႔ ရွာေဖြမႈမ်ားျပဳလုပ္ေနစဥ္မွာပင္ ထိုေန႔ည (၈)နာရီအခ်ိန္ခန္႔တြင္ လူ(၄)ဦးမွ မေကြးၿမိဳ႕ ကမ္းနားလမ္းရိွ ေက်ာက္သားဥယ်ာဥ္တြင္ ထိုင္ေနေသာ အမ်ိဳးသား(၂)ဦးအနက္မွ (၁)ဦးကို ဓားႏွင့္ထိုး၍ ဖုန္းကိုျခိမ္းေျခာက္ေတာင္းယူ သြားေၾကာင္း တိုင္တန္းမႈရိွလာ၍ မေကြးၿမိဳ႕မရဲစခန္းမွ (ပ)၁၆၄၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ ကနဦး အမႈေရးဖြင့္၍ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရာ စစ္ေဆးေတြ႔ရိွခ်က္မ်ားအရ အဆိုပါျဖစ္စဥ္တြင္ က်ဴးလြန္သူ(၄)ဦးမွာ ကန္သာ ကန္ေဘာင္တြင္ က်ဴးလြန္သြားခဲ့သူမ်ားပင္ျဖစ္မည္ဟု သံုးသပ္၍ ပိတ္ဆို႔ရွာေဖြမႈမ်ား ဆက္လက္ျပဳလုပ္ခဲ့ရာမွ အမႈဖြင့္ၿပီး (၃)နာရီခန္႔အၾကာတြင္ ေအာင္ေဇယ်ာ(၁)လမ္းေန အသက္(၂၂)ႏွစ္အရြယ္ ေအာင္သူႏွင့္ ေအာင္ေစ တနာ(၅)လမ္းတြင္ အိမ္ငွားေနထိုင္သူ အသက္(၂၀)ႏွစ္အရြယ္ရိွ လိႈင္ဘုန္းျမင့္ဦး တို႔ကို အ.မ.က(၁၅) အေရွ႕ ဘက္ရိွ ျမက္ခင္းျခံဳပုတ္မ်ားအတြင္း လံုးေထြးဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူ(၂)ဦးအား စစ္ေဆးခ်က္မ်ားအရ စက္တင္ဘာ (၁၆) ရက္ ညေန (၃)နာရီခဲြ အခ်ိန္ခန္႔တြင္ ဗိုလ္ခ်ဳပ္ ျမင္းစီးေၾကးရုပ္ပန္းျခံ၌ ထိုင္ေနေသာ လူငယ္(၂)ဦးကို ၎တို႔(၄)ဦးက အရက္အတူေသာက္ရန္ေျပာရာ မေသာက္ခ်င္ဟုျငင္းသျဖင့္ ဓားႏွင့္ထိုးမည္ဟု ျခိမ္းေျခာက္ကာ တစ္ဦးကို ေဆးလိပ္မီးႏွင့္ထိုး၍  KTV သို႔ အတင္းအၾကပ္လိုက္ပို႔ေစခဲ့ၿပီး က်သင့္သမွ် ရွင္းေပးရန္ေျပာရာ မရွင္းႏိုင္သျဖင့္ ၎တို႔ကိုထားခဲ့ၿပီး ကန္သာကန္သို႔ ထြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ကန္သာကန္ေဘာင္တြင္ ဓားထိုးမႈက်ဴးလြန္ခဲ့ၿပီး ကမ္းနားလမ္းရိွ ေက်ာက္သားဥယ်ာဥ္တြင္ ဖုန္းကိုျခိမ္းေျခာက္ေတာင္းယူ၍ ဓားႏွင့္ထိုးခဲ့သည့္ ျဖစ္စဥ္မ်ား ဆက္လက္က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“က်ဴးလြန္သူ (၄)ဦးအနက္ ထြက္ေျပးလြတ္ေျမာက္ေနသူ (၂)ဦးက ေအာင္ေဇယ်ာရပ္ကြက္မွာ အတူေနၾကတဲ့ အာေလး နဲ႔ ေအာင္ေလး တို႔ျဖစ္ေၾကာင္း သိရၿပီး ဗိုလ္ခ်ဳပ္ပန္းျခံနဲ႔ ကန္သာကန္ေဘာင္မွာျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး ကာယကံရွင္ေတြနဲ႔ မိသားစုေတြက လာေရာက္အမႈဖြင့္တဲ့အခါ သီးျခားအမႈေရးဖြင့္ အေရးယူေဆာင္ ရြက္သြားမွာပါ”ဟု စခန္းမွဴးက ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အခင္းျဖစ္စဥ္တြင္ အသံုးျပဳစီးနင္းခဲ့ေသာ ဆိုင္ကယ္(၂)စီးႏွင့္ ျခိမ္းေျခာက္ေတာင္းယူသြားသည့္ ဖုန္းတို႔ကို သိမ္းဆည္းရမိထားၿပီး သက္ေသခံဓားႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ(၂)ဦးတို႔ကို ဆက္လက္ စံုစမ္းရွာေဖြလွ်က္ရိွေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးမြို့ရှိ နေရာ(၃)နေရာတို့၌ တစ်နေ့တည်းတွင် ခြိမ်းခြောက်မှု၊ လုယက်မှုနှင့် ဓားထိုးမှုဖြစ်စဉ်များကို ဆက်တိုက် ကျူးလွန်ခဲ့သူ (၄)ဦးအနက် (၂)ဦး ကို နာရီပိုင်းအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၆)ရက် ညနေ (၆)နာရီခွဲဝန်းကျင်အချိန်က မကွေးမြို့၌ အကြီးစားပြင်ဆင်မှုပြုလုပ်နေသည့် ကန်သာ ကန်ဘောင်တွင် အပမ်းဖြေလမ်းလျှောက်ရန် ရောက်ရှိနေသည့် အဝေးသင်တက္ကသိုလ်ကျောင်းသား (၂)ဦးနှင့် ကျောင်းသူ(၂)ဦးတို့ကို အမည်မသိ လူ(၄)ဦးတို့က နှောက်ယှက်ကာ ဓားနှင့်ထိုးပြီး ထွက်ပြေးသွားကြသဖြင့် အဝေးသင် သတ္တဗေဒ ဒုတိယနှစ်ကျောင်းသား မောင်နိုင်မျိုးကျော် နှင့် မောင်ထက်အာကာတို့မှာ ဓားဒဏ်ရာများရရှိ သွားကြောင်း သိရသည်။

“ဓားထိုးမှုဖြစ်စဉ် သတင်းရရှိတာနဲ့ ချက်ချင်းပဲ ကျွန်တော်နဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းထိုက်အောင် ဦးစီး အဖွဲ့တွေ အခင်းဖြစ်နေရာကိုသွားရောက်ခဲ့ပြီး ဒဏ်ရာတွေရရှိထားတဲ့ ကျောင်းသားလေး(၂)ဦးကို နာရေးကူညီမှုအသင်းကားနဲ့ မကွေးတိုင်းဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။ ကာယကံရှင်တွေနဲ့ မျက်မြင်သက်သေတွေကို စစ်ဆေးမေးမြန်းချက်တွေအရ အမည်မသိ လူ(၄)ဦးဟာ ကျောင်းသား(၂)ဦးကို ဓားနဲ့ထိုးပြီး ဖြူနက်ကြားရောင် ဆိုင်ကယ်(၁)စီး၊ အနက်ရောင် ဆိုင်ကယ်(၁)စီးတို့နဲ့ ကန်သာကန်ကနေ အထက(၁)လမ်းအတိုင်း အနောက်ဘက်ကို မောင်းနှင်ထွက်ပြေးသွားကြောင်းနဲ့ သူတို့ထဲက တစ်ဦးရဲ့အမည်ဟာ အောင်သူ ဖြစ်ပြီး အောင်ဇေယျာရပ်ကွက်မှာနေတယ်ဆိုတာ သိရလို့ အဖွဲ့(၅)ဖွဲ့နဲ့ ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်”ဟု မကွေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မိုးဇော်နိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မောင်နိုင်မျိုးကျော်တွင် ဝဲပေါင်၌ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ မောင်ထက်အာကာ တွင် ဝဲပေါင်၌ ထိုးသွင်းဒဏ်ရာ (၄)ချက်၊ ယာပေါင်၌ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲမေးစေ့၌ ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသွားကြောင်း သိရပြီး ပိတ်ဆို့ ရှာဖွေမှုများပြုလုပ်နေစဉ်မှာပင် ထိုနေ့ည (၈)နာရီအချိန်ခန့်တွင် လူ(၄)ဦးမှ မကွေးမြို့ ကမ်းနားလမ်းရှိ ကျောက်သားဥယျာဉ်တွင် ထိုင်နေသော အမျိုးသား(၂)ဦးအနက်မှ (၁)ဦးကို ဓားနှင့်ထိုး၍ ဖုန်းကိုခြိမ်းခြောက်တောင်းယူ သွားကြောင်း တိုင်တန်းမှုရှိလာ၍ မကွေးမြို့မရဲစခန်းမှ (ပ)၁၆၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် ကနဦး အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သူ(၄)ဦးမှာ ကန်သာ ကန်ဘောင်တွင် ကျူးလွန်သွားခဲ့သူများပင်ဖြစ်မည်ဟု သုံးသပ်၍ ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ပြုလုပ်ခဲ့ရာမှ အမှုဖွင့်ပြီး (၃)နာရီခန့်အကြာတွင် အောင်ဇေယျာ(၁)လမ်းနေ အသက်(၂၂)နှစ်အရွယ် အောင်သူနှင့် အောင်စေ တနာ(၅)လမ်းတွင် အိမ်ငှါးနေထိုင်သူ အသက်(၂၀)နှစ်အရွယ်ရှိ လှိုင်ဘုန်းမြင့်ဦး တို့ကို အ.မ.က(၁၅) အရှေ့ ဘက်ရှိ မြက်ခင်းခြုံပုတ်များအတွင်း လုံးထွေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ(၂)ဦးအား စစ်ဆေးချက်များအရ စက်တင်ဘာ (၁၆) ရက် ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ပန်းခြံ၌ ထိုင်နေသော လူငယ်(၂)ဦးကို၎င်းတို့(၄)ဦးက အရက်အတူသောက်ရန်ပြောရာ မသောက်ချင်ဟုငြင်းသဖြင့် ဓားနှင့်ထိုးမည်ဟု ခြိမ်းခြောက်ကာ တစ်ဦးကို ဆေးလိပ်မီးနှင့်ထိုး၍ KTV သို့ အတင်းအကြပ်လိုက်ပို့စေခဲ့ပြီး ကျသင့်သမျှ ရှင်းပေးရန်ပြောရာ မရှင်းနိုင်သဖြင့်၎င်းတို့ကိုထားခဲ့ပြီး ကန်သာကန်သို့ ထွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ကန်သာကန်ဘောင်တွင် ဓားထိုးမှုကျူးလွန်ခဲ့ပြီး ကမ်းနားလမ်းရှိ ကျောက်သားဥယျာဉ်တွင် ဖုန်းကိုခြိမ်းခြောက်တောင်းယူ၍ ဓားနှင့်ထိုးခဲ့သည့် ဖြစ်စဉ်များ ဆက်လက်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျူးလွန်သူ (၄)ဦးအနက် ထွက်ပြေးလွတ်မြောက်နေသူ (၂)ဦးက အောင်ဇေယျာရပ်ကွက်မှာ အတူနကြေတဲ့ အာလေး နဲ့ အောင်လေး တို့ဖြစ်ကြောင်း သိရပြီး ဗိုလ်ချုပ်ပန်းခြံနဲ့ ကန်သာကန်ဘောင်မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေနဲ့ မိသားစုတွေက လာရောက်အမှုဖွင့်တဲ့အခါ သီးခြားအမှုရေးဖွင့် အရေးယူဆောင် ရွက်သွားမှာပါ”ဟု စခန်းမှူးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်စဉ်တွင် အသုံးပြုစီးနင်းခဲ့သော ဆိုင်ကယ်(၂)စီးနှင့် ခြိမ်းခြောက်တောင်းယူသွားသည့် ဖုန်းတို့ကို သိမ်းဆည်းရမိထားပြီး သက်သေခံဓားနှင့် ထွက်ပြေးတိမ်းရှောင်နေသူ(၂)ဦးတို့ကို ဆက်လက် စုံစမ်းရှာဖွေလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net