တာချီလိတ်ခရိုင်အတွင်း တောင်သုံးလုံးအပေါ်ရွာတွင် ဘိန်းစိမ်းနှင့် စိတ်ကြွဆေးများ ဖမ်းမိ

တာချီလိတ်ခရိုင်အတွင်း တောင်သုံးလုံးအပေါ်ရွာတွင် ဘိန်းစိမ်းနှင့် စိတ်ကြွဆေးများ ဖမ်းမိ
ဒီဇင်ဘာ 25, 2019
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း တောင်သုံးလုံးအပေါ်ရွာတွင် ဘိန်းစိမ်းနှင့် စိတ်ကြွဆေးများ ဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံး အပေါ်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့က နေအိမ်နှစ်လုံးအား ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း၊ စိတ်ကြွဆေးပြားနှင့် ထိုင်းဘတ်ငွေ (၇)သိန်းကျော်တို့ကို ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည် နံနက် (၁၁)နာရီကျော်အချိန်က တောင်သုံးလုံး(အပေါ်)ကျေးရွာရှိ လော်ဖန်း၏ နေအိမ်ကို ရှာဖွေရာ ဘိန်းစိမ်း (၄) ဒသမ (၅) ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား (၂၀၀) ပြားတို့ကို သိမ်းဆည်းရမိပြီးနောက်  နံနက် (၁၁)နာရီ မိနစ် (၂၀)အချိန်တွင် အဆိုပါ ကျေးရွာရှိ လီဘီ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းစိမ်း (၁၆) ဒသမ (၈၅) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၃၅၀၀) ပြား၊ ထိုင်းငွေ (၇၄၅၀၀၀) ဘတ်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် လော်ဖန်းနှင့် လီဘီတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~