မြဝတီမြို့ရှိ လောင်းကစားရုံအား တပ်မတော် လုံခြုံရေးအဖွဲ့က ဝင်ဖမ်း

မြဝတီမြို့ရှိ လောင်းကစားရုံအား တပ်မတော် လုံခြုံရေးအဖွဲ့က ဝင်ဖမ်း
ဇူလိုင် 15, 2020
By Tachileik News Agency
 

မြဝတီမြို့ရှိ လောင်းကစားရုံအား တပ်မတော် လုံခြုံရေးအဖွဲ့က ဝင်ဖမ်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်အတွင်း တပ်မတော်ပါဝင်သည့် ပူးပေါင်းအဖွဲ့က လောင်းကစားရုံအား ဝင်ရောက်ဖမ်းဆီးရာက လူ(၁၈)ဦးနှင့် လောင်းကစား ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း တပ်မတော်က ဇူလိုင်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်မှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့တွင် မြဝတီမြို့ အမှတ်(၃)ရပ်ကွက်အတွင်း ပတ္တမြားမယ်ဓာတ်ဆီဆိုင်အနီးရှိ လောင်းကစားရုံအား ဝင်ရောက် စစ်ဆေးရှာဖွေရာက လောင်းကစားပြုလုပ်နေသူ မြန်မာနိုင်ငံသား (၁၄)ဦးနှင့် တရုတ်နိုင်ငံသား (၄)ဦးတို့ကို လောင်းကစား ဂိမ်းခုံများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
  

လောင်းကစားပြုလုပ်နေသူ (၁၈)ဦးကို ဖမ်းဆီးရမိထားပြီး ဆက်လက်စစ်ဆေးချက်အရ လောင်းကစားရုံနှင့်အဆောက်အဦပိုင်ရှင် ဖြစ်သူ စောရှမ်းလေး ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ 
ဖမ်းဆီးရမိသူများကို တပ်မတော်က ရဲတပ်ဖွဲ့ထံ အပ်နှံပေးထားလိုက်ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 
Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~