မင်္ဂလာဒုံတွင်  စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ သေဆုံး 

မင်္ဂလာဒုံတွင်  စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ သေဆုံး 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမပေါ် ပုလဲလမ်းဆုံအနီးတွင် စက်ရုံမှအလုပ်ဆင်းလာသည့် အမျိုးသမီးတစ်ဦးကို ခရီးသည်တင် ယာဉ်တိုက်မိသဖြင့် သေဆုံးသွားကြောင်း သိရသည်။

 ၂၀၂၃ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့၏ ညနေပိုင်းက အဆိုပါအမျိုးသမီးသည် ကားလမ်းဖြတ်ကူးစဉ် ခရီးသည်တင်ယာဉ်က ဝင်တိုက်ပြီး တက်ကြိတ်မိရာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့်နေရာမှာတွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

၎င်း၏ရုပ်အလောင်းအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

 

Photo: Htin Lin Aung