ကျောက်မဲမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ကျပ်သိန်းပေါင်း (၅၇၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

ကျောက်မဲမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ကျပ်သိန်းပေါင်း (၅၇၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း၊ မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း၊ မိုင်းလုံမြို့၊ အောက်ရပ်ကွက်နေ ဒေါ်ခမ်းအိမ်၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၁ခုနှစ် ဩဂုတ်လ(၈)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရှာဖွေရာမှ ကျပ်သိန်းပေါင်း(၅၇၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

နေအိမ်အတွင်းမှ ကျပ်(၁၆)သိန်းခွဲဝန်းကျင် တန်ဖိုးရှိ ဘိန်းဖြူ (၁၁၀)ဂရမ် နှင့် ကျပ်သိန်းပေါင်း (၅၆၀)ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၆၀၀၀)တို့ကို တွေ့ရှိသိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၄)နှစ်အရွယ် ဒေါ်ခမ်းအိမ်အား ဖမ်းဆီးကာ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။