ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပမႈေၾကာင့္ ဖမ္းဆီးခံရသည့္ ေနာ္အုန္းလွႏွင့္အဖြဲ႔အား အျမန္ဆံုး ျပန္လည္လြတ္ေပးေရး ထိုင္းေရာက္ကရင္တိုင္းရင္းသားမ်ားက ခ်င္းမိုင္ေကာင္စစ္၀န္ရံုးေရွ႕တြင္ ဆႏၵထုတ္ေဖ္ာကာ ေတာင္းဆို

ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပမႈေၾကာင့္ ဖမ္းဆီးခံရသည့္ ေနာ္အုန္းလွႏွင့္အဖြဲ႔အား အျမန္ဆံုး ျပန္လည္လြတ္ေပးေရး ထိုင္းေရာက္ကရင္တိုင္းရင္းသားမ်ားက ခ်င္းမိုင္ေကာင္စစ္၀န္ရံုးေရွ႕တြင္ ဆႏၵထုတ္ေဖ္ာကာ ေတာင္းဆို
စက်တင်ဘာ 17, 2019
By Tachileik News Agency

(၆၉)ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနား ဦးေဆာင္က်င္းပခဲ့သည့္ ကရင္အမ်ဳိးသမီးအစည္းအရံုး(KWU)ဥကၠဌ ေနာ္အုန္းလွ အပါအ၀င္ (၃)ဦးအား ဖမ္းဆီးအေရးယူထားမႈႏွင့္ ပတ္သက္၍ ျပန္လည္လြတ္ေပးေရးအတြက္ ယေန႔ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၇)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က ထိုင္းႏိုင္ငံ ခ်င္းမိုင္ေကာင္စစ္၀န္ရံုးေရွ႕တြင္ ထိုင္းေရာက္ ကရင္တိုင္းရင္းသားမ်ားက ဆႏၵထုတ္ေဖာ္ကာ ေတာင္းဆိုခဲ့ၾကသည္။

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၂)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ (၆၉)ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔တြင္ အာဇာနည္ေန႔ ဆိုတဲ့ စကားလံုးအား သံုးစြဲခဲ့သည့္အတြက္ ဦးေဆာင္က်င္းပသူ  ကရင္အမ်ဳိးသမီးအစည္းအရံုး(KWU)ဥကၠဌ ေနာ္အုန္းလွ အပါအ၀င္ လူငယ္ႏွစ္ဦးျဖစ္သည့္ ေစာအဲလ္ဘတ္ခ်ဳိ ႏွင့္ စသိန္းေဇာ္မင္းတို႔အား ဖမ္းဆီးအေရးယူထားျခင္းအတြက္ ယင္းသို႔ ေတာင္းဆိုျခင္းျဖစ္ေၾကာင္း သိရသည္။

ကရင္အမ်ဳိးသမီးအစည္းအရံုး(KWU)ဥကၠဌ ေနာ္အုန္းလွ အပါအ၀င္ လူငယ္ႏွစ္ဦးတို႔အား ၿငိမ္းခ်မ္းစြာ စုေဝးျခင္းႏွင့္ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒ (ၿငိမ္းစုစီ) ပုဒ္မ ၂၀ျဖင့္ အမႈဖြင့္အေရးယူထားျခင္းျဖစ္ၿပီး စက္တင္ဘာလ(၁၇)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က ေက်ာက္တံတားၿမိဳ႕႔နယ္တရားရံုးတြင္ တရားရင္ဆိုင္ရာအတြက္ ေရာက္ရွိလာရာ   ကရင္စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီဝင္မ်ား၊ ကရင္ႏိုင္ငံေရးပါတီမ်ား ႏွင့္ ကရင္အႏုပညာရွင္မ်ားလည္း လာေရာက္အားေပးႏႈတ္ဆက္ၾကေၾကာင္း သိရသည္။

ကရင္အမ်ဳိးသားအစည္းအရံုး(KNU)ကလည္း အမႈဖြင့္တရားစြဲဆိုခံထားရသူ ေနာ္အုန္းလွအပါအ၀င္ (၃)ဦးအား ျခြင္းခ်က္မရွိ ျပန္လည္ရုပ္သိမ္းေပးရန္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၆)ရက္ေန႔ ရက္စြဲျဖင့္ ေၾကညာခ်က္ထုတ္ျပန္ထားရွိသည္။

ကရင္တို္င္းရင္းသားေခါင္းေဆာင္ ေစာဘဦးႀကီး က်ဆံုးခဲ့သည့္ ၁၉၅၀ခုႏွစ္ ၾသဂုတ္လ(၁၂)ရက္ေန႔အား ကရင္အာဇာနည္ေန႔အျဖစ္ သတ္မွတ္ကာ အခမ္းအနားမ်ားက်င္းပခဲ့သည္မွာ (၆၉)ႏွစ္ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - Start Up


~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်ကျင်းပခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWU)ဥက္ကဌ နော်အုန်းလှ အပါအဝင် (၃)ဦးအား ဖမ်းဆီးအရေးယူထားမှုနှင့် ပတ်သက်၍ ပြန်လည်လွတ်ပေးရေးအတွက် ယနေ့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ထိုင်းနိုင်ငံ ချင်းမိုင်ကောင်စစ်ဝန်ရုံးရှေ့တွင် ထိုင်းရောက် ကရင်တိုင်းရင်းသားများက ဆန္ဒထုတ်ဖော်ကာ တောင်းဆိုခဲ့ကြသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့တွင် အာဇာနည်နေ့ ဆိုတဲ့ စကားလုံးအား သုံးစွဲခဲ့သည့်အတွက် ဦးဆောင်ကျင်းပသူ ကရင်အမျိုးသမီးအစည်းအရုံး(KWU)ဥက္ကဌ နော်အုန်းလှ အပါအဝင် လူငယ်နှစ်ဦးဖြစ်သည့် စောအဲလ်ဘတ်ချို နှင့် စသိန်းဇော်မင်းတို့အား ဖမ်းဆီးအရေးယူထားခြင်းအတွက် ယင်းသို့ တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWU)ဥက္ကဌ နော်အုန်းလှ အပါအဝင် လူငယ်နှစ်ဦးတို့အား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၂၀ဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်ပြီး စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်ရာအတွက် ရောက်ရှိလာရာ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ကရင်နိုင်ငံရေးပါတီများ နှင့် ကရင်အနုပညာရှင်များလည်း လာရောက်အားပေးနှုတ်ဆက်ကြကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း အမှုဖွင့်တရားစွဲဆိုခံထားရသူ နော်အုန်းလှအပါအဝင် (၃)ဦးအား ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပေးရန် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားရှိသည်။

ကရင်တို်င်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့အား ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများကျင်းပခဲ့သည်မှာ (၆၉)နှစ်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - Start Up

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net