လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်

လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်
ဇန်နဝါရီ 31, 2020
By Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်
လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းမှာ လားဟူတိုင်းရင်းသားရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ (၃) ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ပွဲတော်အခင်းအကျင်းမှာ ထားရှိတဲ့ ထင်းရှုးပင်က စည်းလုံးမှုကိုပြသတဲ့သဘောဖြစ်ပြီး ထင်းရူးပင်အရွက်နုထွက်ချိန်မှာ နှစ်ကူးပွဲကျင်းပလေ့ရှိကြောင်း လားဟူရိုးရာဗူးပလွေပညာရှင် ဦးပီတာက ပြောပါတယ်။

လားဟူရိုးရာနှစ်ကူးပွဲတော်ကို လားဟူတိုင်းရင်းသားကျေးရွာတွေမှာ လှည့်လည်လုပ်ဆောင်ပေးခြင်းဖြင့်  ရိုးရာဓလေ့ကို ထိန်းသိမ်းနေတာလို့ ဦးပီတာက ပြောပါတယ်။

အခုလို လားဟူတိုင်းရင်းသားရိုးရာပွဲတော်တွေကြောင့် စည်းလုံးမှုတွေရရှိစေတယ်လို့ ဦးပီတာက ပြောပါတယ်။

တာချီလိတ်မှာ ကျင်းပခဲ့တဲ့ လားဟူရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ရဲ့ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ် အပါအဝင် စစ်ဖက်၊ နယ်ဖက်က အရာရှိကြီးတွေနဲ့ ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကြပြီး လားဟူရိုးရာ လက်ဆေးမင်္ဂလာပြုလုပ်ခဲ့ပြီးတော့ ရိုးရာဗူးပလွေအက၊  မြေဝိုင်းအက  ဒိုးပစ်ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပခဲ့ကြပါတယ်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~