အာခါတုိင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ႏွင့္ အာခါအမ်ိဳးသားေန႔အခမ္းအနားကို က်ိဳင္းတံုတြင္ က်င္းပေန

အာခါတုိင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ႏွင့္ အာခါအမ်ိဳးသားေန႔အခမ္းအနားကို က်ိဳင္းတံုတြင္ က်င္းပေန
ဒီဇင်ဘာ 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕တြင္ ၂၀၁၈ခုႏွစ္၊  ဒီဇင္ဘာလ (၂၈)ရက္ေန႔ နံနက္ပိုင္းက (၄၄) ႀကိမ္ေျမာက္ အာခါတိုင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ “အာခါအမ်ိဳးသားေန႔”ကို က်င္းပရာ က်ိဳင္းတုံခရိုင္၊ တာခ်ီလိတ္ခရိုင္၊ မုိင္းဆက္ခရိုင္ႏွင့္ အထူးေဒသ(၄)တို႔မွ အာခါတိုင္းရင္းသားမ်ား စုစည္း တက္ေရာက္ၾကသည္။

အခမ္းအနားသို႔ တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလွေမာ္ဦး၊ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္မ်ား၊ ရွမ္းျပည္နယ္ လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးအာေဗလတို႔ အျပင္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ ဒုတိုင္းမွဴး ဗိုလ္မွဴးခ်ဳပ္ ထြန္းျမတ္ေဆြလည္း တက္ေရာက္ေၾကာင္း သိရသည္။

အာခါတိုင္းရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္ “အာခါအမ်ိဳးသားေန႔”အတြက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး မင္းေအာင္လိႈင္က က်ပ္(၂၅)သိန္း၊ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က က်ပ္သိန္း(၂၀)၊ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္က က်ပ္(၅)သိန္းႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာ ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးလွေမာ္ဦးက က်ပ္(၃)သိန္းအျပင္ အျခားအလွဴရွင္ အသီးသီးကလည္း အလွဴေငြမ်ား ေပးအပ္ၾကရာ ပြဲျဖစ္ေျမာက္ေရးေကာ္မတီက လက္ခံရယူၿပီး အာခါအမ်ိဳးသားစာေပႏွင့္ ယဥ္ေက်းမႈ နာယကႀကီး ဦးမင္းညိဳက ေက်းဇူးတင္စကား ေျပာၾကားသည္။

က်ိဳင္းတံုၿမိဳ႕တြင္   (၄၃)ႀကိမ္ေျမာက္အထိ အာခါတိုင္းရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အျဖစ္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အျပင္ “အာခါအမ်ိဳးသားေန႕”ကိုပါ တစ္ေပါင္းတည္း က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္ကို ဒီဇင္ဘာလ (၂၇)ရက္ေန႔မွ (၂၉)ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္ၿပီး အာခါတိုင္းရင္းသားရိုးရာအကမ်ား၊ သက္ႀကီးရြယ္အုိမ်ားက ရိုးရာသီခ်င္းမ်ား သီဆိုျခင္းႏွင့္ ရိုးရာယဥ္ေက်းမႈျပခန္းမ်ားအျပင္ ကံစမ္းမဲမ်ားလည္း ထည့္သြင္းက်င္းပေနျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ၂၀၁၈ခုနှစ်၊  ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းက (၄၄) ကြိမ်မြောက် အာခါတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော် “အာခါအမျိုးသားနေ့”ကို ကျင်းပရာ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆက်ခရိုင်နှင့် အထူးဒေသ(၄)တို့မှ အာခါတိုင်းရင်းသားများ စုစည်း တက်ရောက်ကြသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလတို့ အပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ဆွေလည်း တက်ရောက်ကြောင်း သိရသည်။

အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် “အာခါအမျိုးသားနေ့”အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကျပ်(၂၅)သိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျပ်သိန်း(၂၀)၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ကျပ်(၅)သိန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ကျပ်(၃)သိန်းအပြင် အခြားအလှူရှင် အသီးသီးကလည်း အလှူငွေများ ပေးအပ်ကြရာ ပွဲဖြစ်မြောက်ရေးကော်မတီက လက်ခံရယူပြီး အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှု နာယကကြီး ဦးမင်းညိုက ကျေးဇူးတင်စကား ပြောကြားသည်။

ကျိုင်းတုံမြို့တွင်   (၄၃)ကြိမ်မြောက်အထိ အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် စုပေါင်းနှစ်သစ်ကူးပွဲတော်အပြင် “အာခါအမျိုးသားနေ့”ကိုပါ တစ်ပေါင်းတည်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး အာခါတိုင်းရင်းသားရိုးရာအကများ၊ သက်ကြီးရွယ်အိုများက ရိုးရာသီချင်းများ သီဆိုခြင်းနှင့် ရိုးရာယဉ်ကျေးမှုပြခန်းများအပြင် ကံစမ်းမဲများလည်း ထည့်သွင်းကျင်းပနေခြင်းဖြစ်သည်။

သတင်း/ဓါတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~