အာခါတိုင္းရင္းသား႐ိုးရာ စုေပါင္းႏွစ္သစ္ကူး(ခါးေထာင္းဖား)ပဲြေတာ္ မိုင္းဆတ္ၿမိဳ႕တြင္ က်င္းပ

အာခါတိုင္းရင္းသား႐ိုးရာ စုေပါင္းႏွစ္သစ္ကူး(ခါးေထာင္းဖား)ပဲြေတာ္ မိုင္းဆတ္ၿမိဳ႕တြင္ က်င္းပ
ဒီဇင်ဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္ အာခါတိုင္းရင္းသားတို႔၏ (၁၁)ႀကိမ္ေျမာက္ ႐ိုးရာစုေပါင္း ႏွစ္သစ္ကူး (ခါးေထာင္းဖား)ပဲြေတာ္ကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂) ရက္ေန႔ နံနက္ (၁၀) နာရီက ကုန္းကုလားေက်းရြာရိွ အာခါစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီခန္းမေဆာင္၌ က်င္းပသည္။

အာခါ႐ိုးရာႏွစ္သစ္ကူး(ခါးေထာင္းဖား)ပဲြေတာ္သည္ အာခါတိုင္းရင္းသားတို႔၏ ႐ိုးရာပဲြေတာ္မ်ားအနက္ အေရးႀကီးပဲြေတာ္ တစ္ခုျဖစ္ၿပီး ဘုိးေဘးတို႔ထံမွရရိွေသာ ေကာင္းခ်ီးမဂၤလာေၾကာင့္ ခံစားရေသာ ေက်းဇူးေတာ္မ်ားကို ေအာက္ေမ့ၿပီး ေက်းဇူးဆပ္ေသာ ပဲြေတာ္အျဖစ္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏွစ္သစ္ကူးပြဲေတာ္တြင္ ၂၀၁၇-၂၀၁၈ပညာသင္ႏွစ္ တကၠသိုလ္၀င္တန္းေအာင္ျမင္ေသာ အာခါတုိင္းရင္းသား ေက်ာင္းသား၊ ေက်ာင္းသူ(၅)ဦးကို ဂုဏ္ျပဳမွတ္တမ္းလႊာ ခ်ီးျမႇင့္ျခင္းႏွင့္ ႏွစ္သစ္ကူး အမွတ္တရ လက္ေဆာင္မ်ားေပးအပ္ကာ အာခါတိုင္းရင္းသားရိုးရာအကမ်ားျဖင့္လည္း ေဖ်ာ္ေျဖေၾကာင္း သိရသည္။

နယ္ေျမခံတပ္နယ္မွ ဗိုလ္မွဴးခ်ဳပ္လိႈင္လင္းေက်ာ္၊ ေခတၱခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္း၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၿငိမ္းေထြးႏွင့္တာ၀န္ရိွသူတို႔က အာခါ႐ိုးရာစုေပါင္းႏွစ္သစ္ကူး(ခါးေထာင္းဖား)ပဲြေတာ္ကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး ဗိုလ္မွဴးခ်ဳပ္လိႈင္လင္းေက်ာ္က ႏွစ္သစ္ကူးအမွာစကားေျပာၾကားၿပီးေနာက္ အာခါတိုင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီး ဦးအာေဗလွထံမွ ေပးပို႔ေသာ ႏွစ္သစ္ကူးသ၀ဏ္လႊာကို မိုင္းဆတ္ၿမိဳ႕နယ္အာခါတိုင္းရင္းသား႐ိုးရာစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီနာယက ဦးအားဒိုက ဖတ္ၾကားသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ေနထုိင္ၾကသည့္ အာခါတုိင္းရင္းသားမ်ား၏ ႏွစ္သစ္ကူးပြဲေတာ္မ်ားကို ၿမိဳ႕အလုိက္က်င္းပေနၾကရာ တာခ်ီလိတ္ၿမိဳ႕တြင္ ရွမ္းရိုးမကြင္းအတြင္း၌ ဒီဇင္ဘာလ (၁၀)ရက္ေန႔မွ (၁၃)ရက္ေန႔အထိ က်င္းပခဲ့ၿပီး က်ိဳင္းတံုၿမိဳ႕တြင္ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ဒီဇင္ဘာလ (၂၇)ရက္ေန႔မွ (၂၉)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  သန္းေဇာ္ဦး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် အာခါတိုင်းရင်းသားတို့၏ (၁၁)ကြိမ်မြောက် ရိုးရာစုပေါင်း နှစ်သစ်ကူး (ခါးထောင်းဖား)ပွဲတော်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် (၁၀) နာရီက ကုန်းကုလားကျေးရွာရှိ အာခါစာပေနှင့်ယဉ်ကျေးမှုကော်မတီခန်းမဆောင်၌ ကျင်းပသည်။

အာခါရိုးရာနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော်သည် အာခါတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အရေးကြီးပွဲတော် တစ်ခုဖြစ်ပြီး ဘိုးဘေးတို့ထံမှရရှိသော ကောင်းချီးမင်္ဂလာကြောင့် ခံစားရသော ကျေးဇူးတော်များကို အောက်မေ့ပြီး ကျေးဇူးဆပ်သော ပွဲတော်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော အာခါတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ(၅)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းနှင့် နှစ်သစ်ကူး အမှတ်တရ လက်ဆောင်များပေးအပ်ကာ အာခါတိုင်းရင်းသားရိုးရာအကများဖြင့်လည်း ဖျော်ဖြေကြောင်း သိရသည်။

နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်လှိုင်လင်းကျော်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့်တာဝန်ရှိသူတို့က အာခါရိုးရာစုပေါင်းနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဗိုလ်မှူးချုပ်လှိုင်လင်းကျော်က နှစ်သစ်ကူးအမှာစကားပြောကြားပြီးနောက် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှထံမှ ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာကို မိုင်းဆတ်မြို့နယ်အာခါတိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီနာယက ဦးအားဒိုက ဖတ်ကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် နေထိုင်ကြသည့် အာခါတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များကို မြို့အလိုက်ကျင်းပနကြေရာ တာချီလိတ်မြို့တွင် ရှမ်းရိုးမကွင်းအတွင်း၌ ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပခဲ့ပြီး ကျိုင်းတုံမြို့တွင် စုပေါင်းနှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~