တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာလ(၂၆)ရက်နေ့အထိ ဆိုင်ကယ်မောင်းလိုင်စင် ပြုလုပ်ပေးမည်

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာလ(၂၆)ရက်နေ့အထိ ဆိုင်ကယ်မောင်းလိုင်စင် ပြုလုပ်ပေးမည်
စကျတငျဘာ 24, 2019
By Tachileik News Agency



၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအချိန်အထိ ဖန်မင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆိုင်ကယ်မောင်းလိုင်စင်များကို ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ (၃)ပုံနှင့်အတူ  အသက် (၁၈)နှစ်အောက် လျှောက်ထားသူများအနေဖြင့် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက် လျှောက်ထားသူအနေဖြင့် ကျပ်နှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်သည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ ဖန်မင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဆိုင်ကယ်မောင်းလိုင်စင် ကွင်းဆင်းပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စုအတွင်းမှ ဆိုင်ကယ်မောင်းလိုင်စင်များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်(၁၀)နာရီကစ၍ ညနေ(၃)နာရီအချိန်အထိ ကညန မှ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

"OSS နဲ့လိုက်သွားပြီးတော့ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်ပေးချိန်မှာ ကျေးရွာကြီးတော့ တစ်ချို့ ကျန်နေခဲ့တဲ့သူတွေ ရှိနိုင်တာပေါ့။ သူတို့ဖက်က ကမ်းလှမ်းလာတယ် လုပ်ပေးဖို့။ မိုင်းကိုးက ဘုန်းကြီးကျောင်းထဲမှာ အခု လုပ်ပေးနေတာပါ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအချိန်အထိ ဖန်မင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆိုင်ကယ်မောင်းလိုင်စင်များကို ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်လိုသူများအနဖြေင့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ (၃)ပုံနှင့်အတူ အသက် (၁၈)နှစ်အောက် လျှောက်ထားသူများအနဖြေင့် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက် လျှောက်ထားသူအနဖြေင့် ကျပ်နှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net