ကျိုင်းတုံမြို့တွင် နေ့တစ်ပိုင်းအတွင်း  Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး ထပ်တိုးတွေ့ရှိ

ကျိုင်းတုံမြို့တွင် နေ့တစ်ပိုင်းအတွင်း  Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 29, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၂၉)ရက်နေ့၏ နေ့တစ်ပိုင်းအတွင်း စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိရသူများမှ မြို့တော်ခန်းမရှိ Fever Clinic မှ စစ်ဆေးပေးချက်အရ (၁၀)ဦး၊ မြို့နယ်ကျန်းမာရေးဌာနမှ စစ်ဆေးပေးချက်အရ (၃၆)ဦးနှင့် ဆေးရုံကြီးတွင် စစ်ဆေးပေးချက်အရ (၁၁)ဦး စုစုပေါင်း (၅၇)ဦး ထပ်တိုးတွေ့ရှိရခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၂၉)ရက်နေ့ နေ့လည်(၂)နာရီခွဲအထိ Covid-19 ကူးစက်ခံထားရသူ (၁၅၀၈)ဦးအထိရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသူမှာလည်း (၇၈၆)ဦးအထိ ရှိနေကာ သေဆုံးသူမှာလည်း (၂၃)ဦးအထိ ရှိကြောင်း သိရသည်။