တာချီလိတ်ရှိ ချစ်ကြည်ရေးတံတားများအား ထိုင်းနိုင်ငံဘက်က ပိတ်ထားစဉ်ကာလအတွင်း တာချီလိတ်ဘက်သို့ ကုန်စည်တင်ပို့ခွင့်အတွက် တာဝန်ရှိသူများ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ညှိနှိုင်းနေ

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတားများအား ထိုင်းနိုင်ငံဘက်က ပိတ်ထားစဉ်ကာလအတွင်း တာချီလိတ်ဘက်သို့ ကုန်စည်တင်ပို့ခွင့်အတွက် တာဝန်ရှိသူများ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ညှိနှိုင်းနေ
မတ် 21, 2020
By Tachileik News Agency
တာချီလိတ်ရှိ ချစ်ကြည်ရေးတံတားများအား ထိုင်းနိုင်ငံဘက်က ပိတ်ထားစဉ်ကာလအတွင်း တာချီလိတ်ဘက်သို့ ကုန်စည်တင်ပို့ခွင့်အတွက် တာဝန်ရှိသူများ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ညှိနှိုင်းနေ

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား(၂)စင်းလုံးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့က ထိုင်းဘက်က စ၍ ယာယီပိတ်ထားမည်ဖြစ်သော်လည်း တာချီလိတ်ဘက်သို့ လိုအပ်သည့်ကုန်စည်များ တင်သွင်းခွင့်အတွက် တာချီလိတ်ဘက်မှ တာဝန်ရှိသူများက မယ်ဆိုင်ဘက်သို့ ညှိနှိုင်းနေကြောင်း သိရသည်။

တံတားပိတ်လိုက်ပေမဲ့ ဒေသတွင်းက ကုန်သည်တွေလည်း ဈေးနှုန်းတွေမမြှင့်ကြဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ ဒီဘက်မှာရှိနေတဲ့ စားသောက်ကုန်တွေကလည်း စနစ်တကျ ထားသိုရောင်းချမယ်ဆိုလည်း လုံလောက်တဲ့ အနေအထားရှိပါတယ်။ လက်ရှိမှာ လူတွေရဲ့စိုးရိမ်ပူပန်မှုကြောင့် ဝယ်ကြခြမ်းကြတဲ့အခါမှာလည်း ကုန်ဈေးနှုန်းတွေတင်ပြီး မရောင်းကြဖို့ အဓိကမေတ္တာရပ်ခံချင်ပါတယ်

ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှဓး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိ၌ တာချီလိတ်ဘက်တွင် ဒီဇယ်လီတာ (၆)သိန်းကျော်နှင့် ဓါတ်ဆီလီတာ (၇)သိန်းခန့်ရှိနေ၍ ဆီပန့်များက ပုံမှန်ဈေးအတိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည့်အပြင် စက်သုံးဆီအပါအဝင် လိုအပ်သည့် ကုန်စည်များ တာချီလိတ်ဘက် တင်သွင်းခွင့်ရရေး ဆောင်ရွက်မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ကောလဟာလသတင်းများကြောင့် အထိတ်တလန့်မဖြစ်စေရန်နှင့် သတင်းမှန်များကိုသာ စောင့်ကြည့်ကြရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီက မတ်လ (၂၁)ရက်နေ့ ညပိုင်း(၉)နာရီ အရေးပေါ်အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံဘက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်တံတားများ ပိတ်ထားစဉ်ကာလအတွင်း  တာချီလိတ်ဘက်တွင် ကုန်ဈေးနှုန်းများ မတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအဝေးကို မတ်လ (၂၁)ရက်နေ့ ည(၉)နာရီ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~