တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ဟုတ္ေက်းရြာတြင္ အမ်ိဳးသား (၂)ဦးကို စိတ္ၾကြေဆးျပား ႏွစ္ေသာင္းေက်ာ္ႏွင့္ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ဟုတ္ေက်းရြာတြင္ အမ်ိဳးသား (၂)ဦးကို စိတ္ၾကြေဆးျပား ႏွစ္ေသာင္းေက်ာ္ႏွင့္ ဖမ္းမိ
စက်တင်ဘာ 2, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ဟုတ္ေက်း႐ြာရွိ တည္းခိုခန္းတစ္ခု၏ကားပါကင္၌ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁)ရက္ေန႔ ညေန (၅)နာရီအခ်ိန္က စိတ္ၾကြေဆးျပား ႏွစ္ေသာင္းေက်ာ္ႏွင့္အတူ အမ်ိဳးသားႏွစ္ဦးကို ဖမ္းမိေၾကာင္း မူးယစ္ဗဟိုဌာနက သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၃ဝ)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က အဆိုပါကားပါကင္ေနရာတြင္ ဆိုင္ကယ္တစ္စီးႏွင့္အတူ ေတြ႔ရသည့္ အသက္ (၄၄)ႏွစ္အရြယ္ အိုက္ပန္ႏွင့္ အသက္ (၃၀)အရြယ္ အိုက္ခမ္းတို႔အား စစ္ေဆးရာ ဆုိင္ကယ္တူးေဘာက္အတြင္း ထည့္လာသည့္ စိတ္ၾကြေဆးျပား (၂၀၄၀၀) ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အုိက္ပန္ႏွင့္ အုိက္ခမ္းတုိ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ (ပ) ၁၁၀/၂၀၁၉ ၊ မူး/စိတ္ပုဒ္မ-၁၉(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္ဟု သိရသည္။

Tachileik News Agency
ဓါတ္ပံု - မူးယစ္ဗဟို

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်၊ မယ်ဟုတ်ကျေးရွာတွင် အမျိုးသား (၂)ဦးကို စိတ်ကြွဆေးပြား နှစ်သောင်းကျော်နှင့် ဖမ်းမိ
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မယ်ဟုတ်ကျေးရွာရှိ တည်းခိုခန်းတစ်ခု၏ကားပါကင်၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ ညနေ (၅)နာရီအချိန်က စိတ်ကြွဆေးပြား နှစ်သောင်းကျော်နှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းမိကြောင်း မူးယစ်ဗဟိုဌာနက သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါကားပါကင်နေရာတွင် ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရသည့် အသက် (၄၄)နှစ်အရွယ် အိုက်ပန်နှင့် အသက် (၃၀)အရွယ် အိုက်ခမ်းတို့အား စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်း ထည့်လာသည့် စိတ်ကြွဆေးပြား (၂၀၄၀၀) ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အိုက်ပန်နှင့် အိုက်ခမ်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ (ပ) ၁၁၀/၂၀၁၉ ၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မူးယစ်ဗဟို

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net