တာချီလိတ်မြို့တွင် ပထမဆုံးအဖြစ် ကျင်းပမည့် မီးမျှောပွဲ အချိန်အတွင်း ယာဉ်များမဝင်ရန်အတွက် အမှတ်(၂)တံတား အဝင်လမ်းအား ညပိုင်း ပိတ်ထားမည်

တာချီလိတ်မြို့တွင် ပထမဆုံးအဖြစ် ကျင်းပမည့် မီးမျှောပွဲ အချိန်အတွင်း ယာဉ်များမဝင်ရန်အတွက် အမှတ်(၂)တံတား အဝင်လမ်းအား ညပိုင်း ပိတ်ထားမည်
နိုဝင်ဘာ 11, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှ့ပိုင်း တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ရွှေနဒီပန်းခြံတွင် ပထမဆုံးအကြိမ်အဖြစ် မီးမျှောပွဲကို ကျင်းပမည်ဖြစ်ပြီး အများပြည်သူများ မီးမျှောပွဲအတွက် ယာဉ်လမ်းရှုပ်ထွေးမှုမဖြစ်စေရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့ ညနေပိုင်းတွင် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂) အဝင်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

"ည ၇ နာရီမီးမျှော ပွဲလုပ်မှာဖြစ်တဲ့အတွက် လမ်းပိတ်မယ်။ ညနေ (၅)နာရီကနေ ည (၁၂)ထိ ပိတ်မယ်။ ဗိုလ်ချုပ်လမ်းကတော့ ပုံမှန်သွားလို့ရတယ်။ မြို့ရှောင်လမ်းသွားချင်ရင် KBZ ဘဏ် (၂)လမ်းကြားက သွားရမယ်။ အမှတ် ၂ တံတားလမ်းကို ပိတ်ထားမယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၏ ပထမဆုံးအကြိမ်မီးမျှောပွဲကို နိုဝင်ဘာ (၁၂) ရက်နေ့တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ထိပ်၊ ရွှေဝါနဒီပန်းခြံတွင် ညနေ (၇) နာရီမှစတင်ကျင်းပမည်ဖြစ်ပြီး သီဆိုဖျော်ဖြေမှုများ၊ လူငယ်များ၏ BBoy အကများဖြင့် ဖျော်ဖြကြေမည်ဖြစ်ကာ ဈေးရောင်းချလိုသူများအနဖြေင့် ညနေ (၅)နာရီကစ၍ ရွှေဝါနဒီပန်းခြံဘေး မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)လမ်းမတစ်လျှောက်တွင် မိမိတို့ အစီအစဉ်ဖြင့် လာရောက်ရောင်းချနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net