တာချီလိတ် မကာဟိုခမ်းရပ်ကွက်မဲရုံ၌ မဲပေးနေမှုကို နိုင်ငံရေးပါတီ (၅)ခုမှ ကိုယ်စားလှယ်များ စောင့်ကြည့်နေ

တာချီလိတ် မကာဟိုခမ်းရပ်ကွက်မဲရုံ၌ မဲပေးနေမှုကို နိုင်ငံရေးပါတီ (၅)ခုမှ ကိုယ်စားလှယ်များ စောင့်ကြည့်နေ
နိုဝင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ် မကာဟိုခမ်းရပ်ကွက်မဲရုံ၌ မဲပေးနေမှုကို နိုင်ငံရေးပါတီ (၅)ခုမှ ကိုယ်စားလှယ်များ စောင့်ကြည့်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အထက(တာချီလိတ်)ကျောင်းဝန်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၁) တွင် ဆန္ဒမဲပေးနေမှုအခြေအနေကို နိုင်ငံရေးပါတီ (၅) ခုမှ စောင့်ကြည့်သူများလည်း စောင့်ကြည့်နေကြသည်။
မကာဟိုခမ်းရပ်ကွက် မဲရုံအမှတ် (၁) ၌ မဲပေးခွင့်ရှိသူ (၃,၃၀၇)ဦးရှိသည့်အနက် ကြိုတင်မဲ (၄၆၇)မဲပေးထားပြီးဖြစ်၍ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ မဲရုံတွင်မဲပေးရန် (၂,၈၄၀)ဦး ရှိနေခြင်းဖြစ်သည်။
မဲရုံဖွင့်ထားသည့် အထက(တာချီလိတ်)ကျောင်းဝန်းအတွင်း နံနက် (၅) နာရီဝန်းကျင်ကတည်းက လာရောက်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်အများအပြားရောက်နေကြခြင်းဖြစ်ပြီး ဆန္ဒမဲပေးသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာတန်းစီခြင်းမပြုရန် မဲရုံတာဝန်ရှိသူများက တိုက်တွန်းခဲ့ကြသော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။
ဆန္ဒမဲပေးရန် တန်းစီနေသူများကို တပ်ဆင်လာသည့် Mask များကို စွန့်ပစ်စေပြီး  KN 95 Mask များဖြင့် လဲလှယ်တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Hand Gel များဖြင့် လက်ကိုသန့်စင်စေခြင်းများကို လုပ်ဆောင်ပေးနေသည်ကို တွေ့ရသည်။
ဆန္ဒမဲပေးသူများအား မဲဆန္ဒရှင်လက်မှတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ယာယီသက်သေခံအထောက်အထားများကို စိစစ်၍ ဆန္ဒမဲပေးခွင့်ပြုနေခြင်းဖြစ်ပြီး (၆)နာရီမဲရုံစတင်ဖွင့်သည်နှင့် မဲစတင်ပေးကြသည်ကို တွေ့ရသည်။
အဆိုပါမဲရုံတွင် လွှတ်တော် (၃)ရပ်အတွက် ကိုယ်စားလှယ်များအပြင် ဗမာ၊ ကချင်၊ လားဟူ၊ အင်းသားနှင့် ကယန်းတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်များကိုလည်း ရွေးချယ်နေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~