တာခ်ီလိတ္ခရိုင္ တာၾကန္႔ေဒသမွ ေတာင္သူ ၁၂၈ ဦးကို စိုက္ပ်ိဳးေရးသံုးပစၥည္းႏွင့္ နည္းပညာမ်ား ပံ့ပိုး

တာခ်ီလိတ္ခရိုင္ တာၾကန္႔ေဒသမွ ေတာင္သူ ၁၂၈ ဦးကို စိုက္ပ်ိဳးေရးသံုးပစၥည္းႏွင့္ နည္းပညာမ်ား ပံ့ပိုး
စက်တင်ဘာ 6, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕ တာၾကန္႔ေက်းရြာမွ ေတာင္သူ (၁၂၈)ဦးကို စိုက္ပ်ိဳးေရးဦးစီးဌာနက ၂၀၁၉ ခုနွစ္၊ စက္တင္ဘာလ (၅) ရက္ေန႔တြင္ စိုက္ပ်ိဳးေရး အေထာက္အကူျပဳ ပစၥည္းမ်ားႏွင့္ စိုက္ပ်ိဳးနည္းပညာပံ့ပိုးေပးထားေၾကာင္း သိရသည္။

ဘက္စံုအဆင့္ျမင့္နည္းပညာသံုး စံျပေက်းရြာ(၁)ရွိ ေဒသခံေတာင္သူမ်ားအား ဓါတ္ေျမၾသဇာ၊ ေကာ္ဖီႏွင့္ ေရာ္ဘာပ်ိဳးပင္၊ ၾကြက္သတ္ေဆး၊ ပိုးသတ္ေဆး၊ မႈိသတ္ေဆး၊ အပင္အားတိုးေဆးမ်ား ပံ့ပိုးေပးၿပီး စို္က္ပ်ိဳးေရးဆိုင္ရာ နည္းပညာေပးေဆြးေႏြးျခင္းအျပင္ ရွမ္းႏွင့္ လားဟူဘာသာစကားျဖင့္ ျပန္ဆိုထားေသာ စိုက္ပ်ိဳးပညာေပး လက္ကမ္းစာေစာင္မ်ား ျဖန္႕ေဝေပးေၾကာင္း သိရသည္။

ခရိုင္ဦးစီးမွဴး ဦးလွဝင္း၊ ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးခ်စ္ကိုကိုႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက ေတာင္သူမ်ားကို ေထာက္ပံ့ပစၥည္းမ်ား  ေပးအပ္ၾကၿပီး စိုက္ပ်ိဳးထုတ္လုပ္မႈ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံလိုအပ္ခ်က္မ်ား၊ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား(GAP)၊ သဘာဝေျမၾသဇာႏွင့္ တပိုင္တႏိုင္ မ်ိဳးေကာင္းမ်ိဳးသန္႕ စိုက္ပ်ိဳးထုတ္လုပ္နည္းမ်ားကို သင္တန္းေပးေဆြးေႏြးၾကကာ ေတာင္သူမ်ားက ျပန္လည္ေဆြးေႏြးၾကသည္။

Tachileik News Agency
ဓါတ္ပံု - စိုက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ခရိုင် တာကြန့်ဒေသမှ တောင်သူ ၁၂၈ ဦးကို စိုက်ပျိုးရေးသုံးပစ္စည်းနှင့် နည်းပညာများ ပံ့ပိုး
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ တာကြန့်ကျေးရွာမှ တောင်သူ (၁၂၈)ဦးကို စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် စိုက်ပျိုးရေး အထောက်အကူပြု ပစ္စည်းများနှင့် စိုက်ပျိုးနည်းပညာပံ့ပိုးပေးထားကြောင်း သိရသည်။

ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(၁)ရှိ ဒေသခံတောင်သူများအား ဓါတ်မြေသြဇာ၊ ကော်ဖီနှင့် ရော်ဘာပျိုးပင်၊ ကြွက်သတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေးများ ပံ့ပိုးပေးပြီး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးဆွေးနွေးခြင်းအပြင် ရှမ်းနှင့် လားဟူဘာသာစကားဖြင့် ပြန်ဆိုထားသော စိုက်ပျိုးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူများကို ထောက်ပံ့ပစ္စည်းများ  ပေးအပ်ကြပြီး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)၊ သဘာဝမြေသြဇာနှင့် တပိုင်တနိုင် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နည်းများကို သင်တန်းပေးဆွေးနွေးကြကာ တောင်သူများက ပြန်လည်ဆွေးနွေးကြသည်။

Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net