တာခ်ီလိတ္ခရိုင္ တာၾကန္႔ေက်းရြာမွ ေတာင္သူ ၆၃ ဦးကို ရာသီဥတုေျပာင္းလဲမႈအတြင္း သီးႏွံပိုးမႊားကာကြယ္ေရး သင္တန္းေပး

တာခ်ီလိတ္ခရိုင္ တာၾကန္႔ေက်းရြာမွ ေတာင္သူ ၆၃ ဦးကို ရာသီဥတုေျပာင္းလဲမႈအတြင္း သီးႏွံပိုးမႊားကာကြယ္ေရး သင္တန္းေပး
စက်တင်ဘာ 3, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ခရိုင္ဦးစီးမွဴးရံုးမွ ေတာင္သူပညာေပး အဖြဲ႕သည္ တာေလျမိဳ႕၊ နားေယာင္းေက်းရြာအုပ္စု၊ တာၾကန္႕ေက်းရြာမွ ေဒသခံေတာင္သူ (၆၃)ဦးကို ရာသီဥတု ေျပာင္းလဲေဖါက္ျပန္မႈေၾကာင့္ သီးႏွံမ်ားတြင္ ပိုးမႊားက်ေရာက္မႈကို ကာကြယ္ႏိုင္ေရး သင္တန္းပို႔ခ်သည္။

တာၾကန္႕ေက်းရြာရိွ ခရိုင္အဆင့္ ဘက္စံုအဆင့္ျမင့္နည္းပညာသံုးစံျပေက်းရြာ၌ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔က ေဒသခံေတာင္သူမ်ားအား တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးလွဝင္းက ပိုးမႊားေရာဂါ၊ ၾကြက္ႏွင့္ အာဟာရဓါတ္ခ်ိဳ႕တဲ့မႈ လကၡဏာမ်ားကို စနစ္တက် ခြဲျခားျပသျပီး ေတာင္သူမ်ားၾကံဳေတြ႕ေနရေသာ စိုက္ခင္းအတြင္းမွ ျပႆနာမ်ားကို ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ေဒသခံေတာင္သူမ်ားက မိမိတို႔လယ္ေျမတြင္ စိုက္ပ်ိဳးထားေသာ စပါးပင္မ်ား ယူေဆာင္လာျပီး ပိုးမႊားေရာဂါ က်ေရာက္မႈရွိ/မရွိ၊ အာဟာရဓါတ္ခ်ိဳ႕တဲ့မႈမ်ားႏွင့္ ေရလံုေလာက္မႈရွိ/မရွိ၊ အခ်ိဳ႕ေသာ ေတာင္သူမ်ားမွလည္း ၾကြက္က်ေရာက္မႈ ႀကိဳတင္ကာကြယ္ ႏွိမ္ႏွင္းနည္းမ်ားကို ေမးျမန္းေဆြးေႏြးၾကေၾကာင္း သိရသည္။

 ေတာင္သူမ်ား၏ ေမးျမန္းေဆြးေႏြးမႈကို ခရိုင္သီးနွံကာကြယ္ေရးတာ၀န္ခံ ဦးခင္ေမာင္ထူး၊ တာေလျမိဳ႕ဦးစီးမွဴး ဦးေနလင္းႏွင့္ တာဝန္ရွိဝန္ထမ္းမ်ားက ျပန္လည္ရွင္းလင္းေဆြးေႏြးၿပီး ပိုးမႊားက်ေရာက္ေနေသာ စိုက္ခင္းမ်ားအတြက္ ပိုးသတ္ေဆးမ်ား ၊  ၾကြက္သတ္ေဆးမ်ား ႏွင့္ အပင္အားတိုးေဆးမ်ားအား အခမဲ့ျဖန္႕ေဝေပးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ခရိုင် တာကြန့်ကျေးရွာမှ တောင်သူ ၆၃ ဦးကို ရာသီဥတုပြောင်းလဲမှုအတွင်း သီးနှံပိုးမွှားကာကွယ်ရေး သင်တန်းပေး
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တောင်သူပညာပေး အဖွဲ့သည် တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာမှ ဒေသခံတောင်သူ (၆၃)ဦးကို ရာသီဥတု ပြောင်းလဲဖေါက်ပြန်မှုကြောင့် သီးနှံများတွင် ပိုးမွှားကျရောက်မှုကို ကာကွယ်နိုင်ရေး သင်တန်းပို့ချသည်။

တာကြန့်ကျေးရွာရှိ ခရိုင်အဆင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့က ဒေသခံတောင်သူများအား တာချီလိတ်ခရိုင်ဦးစီးမှူး ဦးလှဝင်းက ပိုးမွှားရောဂါ၊ ကြွက်နှင့် အာဟာရဓါတ်ချို့တဲ့မှု လက္ခဏာများကို စနစ်တကျ ခွဲခြားပြသပြီး တောင်သူများကြုံတွေ့နေရသော စိုက်ခင်းအတွင်းမှ ပြဿနာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေသခံတောင်သူများက မိမိတို့လယ်မြေတွင် စိုက်ပျိုးထားသော စပါးပင်များ ယူဆောင်လာပြီး ပိုးမွှားရောဂါ ကျရောက်မှုရှိ/မရှိ၊ အာဟာရဓါတ်ချို့တဲ့မှုများနှင့် ရေလုံလောက်မှုရှိ/မရှိ၊ အချို့သော တောင်သူများမှလည်း ကြွက်ကျရောက်မှု ကြိုတင်ကာကွယ် နှိမ်နှင်းနည်းများကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

 တောင်သူများ၏ မေးမြန်းဆွေးနွေးမှုကို ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးခင်မောင်ထူး၊ တာလေမြို့ဦးစီးမှူး ဦးနေလင်းနှင့် တာဝန်ရှိဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပိုးမွှားကျရောက်နေသော စိုက်ခင်းများအတွက် ပိုးသတ်ဆေးများ ၊  ကြွက်သတ်ဆေးများ နှင့် အပင်အားတိုးဆေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net