တာချီလိတ်မြို့မှ ပြည်တော်ပြန်ရန်အတွက် အထောက်အထားမဲ့ ထိုင်းနိုင်ငံသား (၃၂) ဦး ထပ်မံ စာရင်းပေးသွင်း

တာချီလိတ်မြို့မှ ပြည်တော်ပြန်ရန်အတွက် အထောက်အထားမဲ့ ထိုင်းနိုင်ငံသား (၃၂) ဦး ထပ်မံ စာရင်းပေးသွင်း
ဒီဇင်ဘာ 10, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ ပြည်တော်ပြန်ရန်အတွက် အထောက်အထားမဲ့ ထိုင်းနိုင်ငံသား (၃၂) ဦး ထပ်မံ စာရင်းပေးသွင်း
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှ ပြည်တော်ပြန်လိုသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို စာရင်းလက်ခံနေရာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့တွင် (၃၂)ဦး  ထပ်မံစာရင်းပေးသွင်းလာကြောင်း သိရသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသဘောတူညီချက်အရ အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို မြန်မာဘက်တွင် အရေးယူပြီး တရားဝင်လမ်းကြောင်းမှ တစ်ဆင့် ထိုင်းဘက်ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ရာ စာရင်းလာရောက်ပေးသူများအား COVID 19 စစ်ဆေးပြီး ထိုင်းဘက် ပြန်လွှဲပေးနေခြင်းဖြစ်သည်။
အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး စာရင်းကောက်ယူခဲ့ရာတွင် ဒီဇင်ဘာလ (၉)ရက်နေ့အထိ စာရင်းပေးသွင်းထားသည့် ထိုင်းနိုင်ငံသား (၇၀) ဦးကို COVID-19 ရောဂါစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ထပ်မံစာရင်းပေးသွင်းလာသူ (၃၂) ဦးရှိလာခြင်းဖြစ်သည်။
ထပ်တိုးစာရင်းပေးလာသူများအား ဒီဇင်ဘာလ (၁၀) ရက်နေ့၌ တာချီလိတ်မြို့ ဆေးရုံဟောင်းဝင်းအတွင်းရှိ Fever Clinic တွင် COVID-19 စစ်ဆေးမှုများ လုပ်ဆောင်ပေးနေပြီဖြစ်သည်။
တာချီလိတ်မှ ပြည်တော်ပြန်လို၍ စာရင်းပေးသွင်းထားသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသား (၁၀၂) ဦးအနက် ပထမစာရင်းပေးသွင်းထားသည့် ထိုင်းနိုင်ငံသား (၇၀) ဦးကို COVID-19 စစ်ဆေးရာတွင် ထိုင်းနိုင်ငံသူ (၄) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိထားသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~