တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္လက္နက္မႈမ်ားျဖင့္ အလိုရွိေနသူ၏ ဇနီးျဖစ္သူေနအိမ္မွ လက္နက္ခဲယမ္းမ်ား ထပ္မံသိမ္းဆည္းရမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္လက္နက္မႈမ်ားျဖင့္ အလိုရွိေနသူ၏ ဇနီးျဖစ္သူေနအိမ္မွ လက္နက္ခဲယမ္းမ်ား ထပ္မံသိမ္းဆည္းရမိ
ဇွန် 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ေနအိမ္ႏွင့္ သတၱဳကုမၸဏီမွ မူးယစ္ေဆး၊ မူးယစ္ေဆး ထုတ္သည့္စက္၊ ေသနတ္မ်ိဳးစံု (၁၇)လက္ႏွင့္ က်ည္မ်ိဳးစံု (၂၁၇၄)ေတာင့္တုိ႔ကို ဖမ္းဆီးရမိမႈမွ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ညီညီႏုိင္(ခ)ပီႏုိင္၏ ဇနီးဆိုသူ၏ ေနအိမ္တြင္ လက္နက္ခဲယမ္းမ်ား ထပ္မံဖမ္းမိထားေၾကာင္း သိရသည္။

မူးယစ္ေဆး၊ လက္နက္အမႈမ်ားျဖင့္ ရဲတပ္ဖြဲ႔က အလိုရွိေနသည့္ ညီညီႏိုင္(ခ)ပီႏုိင္အား ရွာေဖြရန္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေဝွေလလန္ေက်းရြာရိွ မနန္းက်န္တစ္(ခ) ပီက်န္တစ္ေနထုိင္ရာေနအိမ္အား ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၃)ရက္ေန႔က တာခ်ီလိတ္တပ္နယ္ ႏွင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔တို႔ ပါ၀င္သည့္ သက္ဆုိင္ရာ ပူးေပါင္းအဖြဲ႔ျဖင့္ ဝင္ေရာက္စစ္ေဆးရာ ညီညီႏုိင္(ခ)ပီႏုိင္အား မေတြ႔ရေသာ္လည္း ၎၏ေသနတ္ႏွင့္ ခဲယမ္းမ်ားကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ညီညီႏုိင္(ခ)ပီႏုိင္၏ ဇနီးျဖစ္သူေနအိမ္မွ မွန္ေျပာင္းပါ ေသနတ္အရွည္ (၁)လက္၊က်ည္အိမ္(၁)ခုႏွင့္ .22 က်ည္ (၅၄)ေတာင့္၊ ေဘာစိထည့္၍ပစ္ရသည့္ ဂက္စ္ေသနတ္(၁)လက္ႏွင့္ ၎က်ည္အိမ္(၁)ခုတို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕အဝင္ မယ္ယန္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဇြန္လ (၂၂)ရက္ေန႔က ညီညီႏုိင္(ခ) ပီႏုိင္၏ ခဲယမ္းမ်ားကို သယ္လာရင္းဖမ္းမိသည့္ ထုိင္းနုိင္ငံသား အႏုခ်ိဳင္းကာတဲႏွင့္ ဇြန္လ (၂၃)ရက္ေန႔က ေဆခမ္းရပ္ကြက္ရိွ ညီညီႏုိင္(ခ)ပီႏုိင္၏ ေနအိမ္ကို ဝင္ေရာက္ဖမ္းဆီးစဥ္က မူးယစ္ေဆး၊လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိသည့္ စိုင္းဆိုင္မိုင္း(ခ) ကိုေဇာ္ႏွင့္ စိုင္းဝမ္း(ခ)အိုက္ဝမ္း၊ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ပီႏိုင္(ခ)ညီညီႏိုင္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ရွမ္းလက္နက္ဥပေဒ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒတို႔အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နေအိမ်နှင့် သတ္တုကုမ္ပဏီမှ မူးယစ်ဆေး၊ မူးယစ်ဆေး ထုတ်သည့်စက်၊ သေနတ်မျိုးစုံ (၁၇)လက်နှင့် ကျည်မျိုးစုံ (၂၁၇၄)တောင့်တို့ကို ဖမ်းဆီးရမိမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် ညီညီနိုင်(ခ)ပီနိုင်၏ ဇနီးဆိုသူ၏ နေအိမ်တွင် လက်နက်ခဲယမ်းများ ထပ်မံဖမ်းမိထားကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်အမှုများဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသည့် ညီညီနိုင်(ခ)ပီနိုင်အား ရှာဖွေရန် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ မနန်းကျန်တစ်(ခ) ပီကျန်တစ်နေထိုင်ရာနေအိမ်အား ၂၀၁၉ ခုနှစ် ဇွန်လ (၂၃)ရက်နေ့က တာချီလိတ်တပ်နယ် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာ ညီညီနိုင်(ခ)ပီနိုင်အား မတွေ့ရသော်လည်း၎င်း၏သေနတ်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညီညီနိုင်(ခ)ပီနိုင်၏ ဇနီးဖြစ်သူနေအိမ်မှ မှန်ပြောင်းပါ သေနတ်အရှည် (၁)လက်၊ကျည်အိမ်(၁)ခုနှင့် .22 ကျည် (၅၄)တောင့်၊ ဘောစိထည့်၍ပစ်ရသည့် ဂက်စ်သေနတ်(၁)လက်နှင့်၎င်းကျည်အိမ်(၁)ခုတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့အဝင် မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဇွန်လ (၂၂)ရက်နေ့က ညီညီနိုင်(ခ) ပီနိုင်၏ ခဲယမ်းများကို သယ်လာရင်းဖမ်းမိသည့် ထိုင်းနိုင်ငံသား အနုချိုင်းကာတဲနှင့် ဇွန်လ (၂၃)ရက်နေ့က ဆေခမ်းရပ်ကွက်ရှိ ညီညီနိုင်(ခ)ပီနိုင်၏ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးစဉ်က မူးယစ်ဆေး၊လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည့် စိုင်းဆိုင်မိုင်း(ခ) ကိုဇော်နှင့် စိုင်းဝမ်း(ခ)အိုက်ဝမ်း၊ ထွက်ပြေးတိမ်းရှောင်နေသည့် ပီနိုင်(ခ)ညီညီနိုင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် ရှမ်းလက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတို့အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net