မိုင္းဖုန္းတြင္ ရြာအ၀င္မုခ္ဦးအား ၀င္တုိက္မိသည့္ ယာဥ္ေပၚက အိုက္စ္ မူးယစ္ေဆး ကီလို(၅၀၀)ကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ

မိုင္းဖုန္းတြင္ ရြာအ၀င္မုခ္ဦးအား ၀င္တုိက္မိသည့္ ယာဥ္ေပၚက အိုက္စ္ မူးယစ္ေဆး ကီလို(၅၀၀)ကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ
စက်တင်ဘာ 11, 2019
By Tachileik News Agency

ျမန္မာ - လာအိုနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ၀မ္ပံုေက်းရြာအတြင္းရွိ ရြာအဝင္မုခ္ဦးကို ဝင္တုိက္မိခဲ့သည့္ ေမာ္ေတာ္ယာဥ္တစ္စီး ေပၚက အုိက္စ္မူးယစ္ေဆး (၅၀၀) ကီလို၀န္းက်င္အား ယာဥ္ေမာင္းႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၁)ရက္ေန႔ နံနက္ (၈)နာရီေက်ာ္က ဝမ္ပံုေက်းရြာအဝင္အနီးတြင္ ရြာအ၀င္မုခ္ဦးကို ၀င္တိုက္မိသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ဖမ္းဆီးရမိသြားၿပီး အဆိုပါ ယာဥ္ေပၚတြင္ အိုက္စ္မူးယစ္ေဆး ထည့္ထားသည့္ QING SHAN အစိမ္းေရာင္ တရုတ္လက္ဖက္ေျခာက္အိတ္ (၂၀)စီ ထည့္ထားသည့္ ဆာလာအိတ္ေပါင္း (၂၅)အိတ္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးသယ္ေဆာင္လာသည့္ ယာဥ္ေမာင္း အုိက္ဝန္း ဆိုသူမွာမွာ ယာဥ္တုိက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရိွထားၿပီး ၎အား ဝမ္ပုံနယ္ေျမရဲစခန္းတြင္ မယ(ပ) ၁၀/၂၀၁၉ မူး/စိတ္ပုဒ္မ ၁၉ (က)/၂၁ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ျမန္မာ၊ လာအိုႏွင့္ ထုိင္း (၃)ႏုိင္ငံနယ္စပ္ေဒသမွ ထိုင္းႏုိင္ငံကိုျဖတ္သန္းၿပီး  မူးယစ္ေဆးဝါး သယ္ေဆာင္ သူမ်ားသည္ ယခင္က ျမန္မာႏုိင္ငံ နယ္စပ္ဘက္မွ ထုိင္းႏိုင္ငံတြင္း ျဖတ္သန္းသယ္ပို႔ေနသည့္ လမ္းေၾကာင္းမ်ား၌ ဖမ္းဆီးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္လာသျဖင့္ လာအိုနယ္စပ္မွ တင္ပို႔သည့္ လမ္းေၾကာင္းမ်ားကို အသံုးျပဳလာၾကသည္ဟု ထုိင္းမူးယစ္ႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕က သံုးသပ္ထားသည္။

သံုးႏုိင္ငံ နယ္စပ္တေလွ်ာက္တြင္ တရားမဝင္ ခိုးဝင္ႏုိင္သည့္ ေတာလမ္းမ်ားစြာရိွေနသည့္အျပင္ မူးယစ္ေဆးႏွင့္ လက္နက္သယ္ေဆာင္သူမ်ားက မဲေခါင္ျမစ္ေၾကာင္းကိုလည္း အသံုးျပဳေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာအတွင်းရှိ ရွာအဝင်မုခ်ဦးကို ဝင်တိုက်မိခဲ့သည့် မော်တော်ယာဉ်တစ်စီး ပေါ်က အိုက်စ်မူးယစ်ဆေး (၅၀၀) ကီလိုဝန်းကျင်အား ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နံနက် (၈)နာရီကျော်က ဝမ်ပုံကျေးရွာအဝင်အနီးတွင် ရွာအဝင်မုခ်ဦးကို ဝင်တိုက်မိသည့် မော်တော်ယာဉ်တစ်စီးအား ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဖမ်းဆီးရမိသွားပြီး အဆိုပါ ယာဉ်ပေါ်တွင် အိုက်စ်မူးယစ်ဆေး ထည့်ထားသည့် QING SHAN အစိမ်းရောင် တရုတ်လက်ဖက်ခြောက်အိတ် (၂၀)စီ ထည့်ထားသည့် ဆာလာအိတ်ပေါင်း (၂၅)အိတ်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသယ်ဆောင်လာသည့် ယာဉ်မောင်း အိုက်ဝန်း ဆိုသူမှာမှာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားပြီး၎င်းအား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ) ၁၀/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မြန်မာ၊ လာအိုနှင့် ထိုင်း (၃)နိုင်ငံနယ်စပ်ဒေသမှ ထိုင်းနိုင်ငံကိုဖြတ်သန်းပြီး မူးယစ်ဆေးဝါး သယ်ဆောင် သူများသည် ယခင်က မြန်မာနိုင်ငံ နယ်စပ်ဘက်မှ ထိုင်းနိုင်ငံတွင်း ဖြတ်သန်းသယ်ပို့နေသည့် လမ်းကြောင်းများ၌ ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လာသဖြင့် လာအိုနယ်စပ်မှ တင်ပို့သည့် လမ်းကြောင်းများကို အသုံးပြုလာကြသည်ဟု ထိုင်းမူးယစ်နှိမ်နှင်းရေးရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

သုံးနိုင်ငံ နယ်စပ်တလျှောက်တွင် တရားမဝင် ခိုးဝင်နိုင်သည့် တောလမ်းများစွာရှိနေသည့်အပြင် မူးယစ်ဆေးနှင့် လက်နက်သယ်ဆောင်သူများက မဲခေါင်မြစ်ကြောင်းကိုလည်း အသုံးပြုလေ့ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net