ပြင်ဦးလွင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ဖမ်းဆီးရမိ

Photo: Mandalay People's Defence Force
Photo: Mandalay People's Defence Force
ပြင်ဦးလွင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း  စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ကို ဖြန့်ဖြူးသူနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း MDY PDF ယနေ့ ဇန်နဝါရီလ(၂၀)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ပြည်သူ့လုံခြုံရေးအတွက် လုံခြုံရေး တာဝန်ယူထားသည့် MDY PDF တပ်ဖွဲ့က စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ချက်ချင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

MDY PDF၏ နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ ၊ မှောင်ခိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများကိုလည်း ဖမ်းဆီးအရေးယူပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များကို ဆောင်ရွက်သွားမည်ဟုလည်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထားရှိသည်။



#TachileikNewsAgency