တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် လူငယ်တစ်ဦးအား စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိ

တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် လူငယ်တစ်ဦးအား စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းမိ
ဒီဇင်ဘာ 12, 2019
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ ညနေ (၃)နာရီ (၄၅)မိနစ်ဝန်းကျင်က လမ်းလျှောက်လာသည့် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦးကို စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၂၀၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းကာ ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာအနီးရှိ ကွင်းပြင်ဘက်မှ ဂေါက်ကွင်းဘက်သို့  လမ်းလျှောက်လာသည့် ဂျိုးဇက် (ခ) အားထူကို ရဲတပ်ဖွဲ့ကစစ်ဆေးရာ စိတ်ကြွဆေးပြား (၂၀၀၀) ပြားကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဂျိုးဇက် (ခ) အားထူကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နှင့် မူးယစ်ဆေးဝါးအား မည်သည့်နေရာက ရရှိလာကြောင်းနှင့် ပတ်သက်၍ ကွင်းဆက်အား ဖော်ထုတ်ဖမ်းဆီးရမိရန်အတွက် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~