အသက္(၇)ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦး ဓမၼတာႏွင့္ဆန္႔က်င္သည့္ ျပဳက်င့္မႈခံရ၍ က်ဴးလြန္သူအား ဖမ္းဆီးစစ္ေဆး

အသက္(၇)ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦး ဓမၼတာႏွင့္ဆန္႔က်င္သည့္ ျပဳက်င့္မႈခံရ၍ က်ဴးလြန္သူအား ဖမ္းဆီးစစ္ေဆး
စက်တင်ဘာ 22, 2019
By Tachileik News Agency

ေနအိမ္၌ တစ္ဦးတည္းထားခဲ့သည့္ အသက္(၇)ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦး ဓမၼတာႏွင့္ဆန္႔က်င္ေသာ အဓမၼျပဳက်င့္ခံရမႈ မေကြးၿမိဳ႕တြင္ ျဖစ္ပြားခဲ့၍ က်ဴးလြန္သူအား ဖမ္းဆီးအေရးယူကာ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

အသက္(၇)ႏွစ္အရြယ္ရွိ မိန္းကေလးငယ္၏ မိခင္ျဖစ္သူသည္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၁)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္အခ်ိန္က ဆန္၀ယ္ၿပီး ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာစဥ္ ေနအိမ္၌ တစ္ဦးတည္းထားရွိခဲ့သည့္ ၎၏ သမီးျဖစ္သူမွာ ငိုယိုေနသည္ကို ေတြ႔ရ၍ ေမးျမန္းရာ အမ်ဳိးသားတစ္ဦးသည္ ေနအိမ္ေပၚတက္လာၿပီး သူမ၏ မိန္းမကိုယ္အား လက္ျဖင့္ ထိုးႏႈိက္မႈေၾကာင့္ ေသြးမ်ားထြက္လာျခင္းျဖစ္ေၾကာင္း၊ ထိုသူမွာလည္း ေနအိမ္မွ ျပန္ထြက္သြားေၾကာင္းကို ျပန္လည္ေျပာျပေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ မိခင္ျဖစ္သူမွ ေဘးပတ္၀န္းက်င္မ်ားအား အကူအညီေတာင္းခံၿပီး သမီးျဖစ္သူအား ေခၚေဆာင္ကာ လိုက္လံရွာေဖြရာမွ ရပ္ကြက္အတြင္းရွိ လမ္းေထာင့္အေရာက္တြင္  သမီးျဖစ္သူက က်ဴးလြန္သူအား လက္ညိဳးထိုးညႊန္ျပျခင္းေၾကာင့္ ၀ိုင္း၀န္းဖမ္းဆီးႏိုင္လိုက္ေၾကာင္း သိရသည္။

"စစ္ေဆးေနတုန္္းပါ၊ ကာမစပ္ယွက္တဲ့ အဆင့္ထိေတာ့ မေတြ႕ရပါဘူး၊ ကနဦး စစ္ေဆးခ်က္အရေတာ့ ကေလးရဲ႕ မိန္းမကိုယ္ထဲကို လက္နဲ႔ထိုးသြင္းတာေၾကာင့္ ေသြးထြက္တဲ့ အေျခအေနပါ"ဟု မေကြးနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္သူရေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖမ္းဆီးရမိသည့္ အသက္(၃၂)ႏွစ္ရွိ ဇင္မ်ဳိးဟန္ ဆိုသူအား မေကြးနယ္ေျမရဲစခန္းတြင္ (ပ)၅၈၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၇ျဖင့္ စက္တင္ဘာလ(၂၁)ရက္ေန႔က အမႈဖြင့္ကာ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နေအိမ်၌ တစ်ဦးတည်းထားခဲ့သည့် အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဓမ္မတာနှင့်ဆန့်ကျင်သော အဓမ္မပြုကျင့်ခံရမှု မကွေးမြို့တွင် ဖြစ်ပွားခဲ့၍ ကျူးလွန်သူအား ဖမ်းဆီးအရေးယူကာ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အသက်(၇)နှစ်အရွယ်ရှိ မိန်းကလေးငယ်၏ မိခင်ဖြစ်သူသည် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ဆန်ဝယ်ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် နေအိမ်၌ တစ်ဦးတည်းထားရှိခဲ့သည့်၎င်း၏ သမီးဖြစ်သူမှာ ငိုယိုနေသည်ကို တွေ့ရ၍ မေးမြန်းရာ အမျိုးသားတစ်ဦးသည် နေအိမ်ပေါ်တက်လာပြီး သူမ၏ မိန်းမကိုယ်အား လက်ဖြင့် ထိုးနှိုက်မှုကြောင့် သွေးများထွက်လာခြင်းဖြစ်ကြောင်း၊ ထိုသူမှာလည်း နေအိမ်မှ ပြန်ထွက်သွားကြောင်းကို ပြန်လည်ပြောပြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူမှ ဘေးပတ်ဝန်းကျင်များအား အကူအညီတောင်းခံပြီး သမီးဖြစ်သူအား ခေါ်ဆောင်ကာ လိုက်လံရှာဖွေရာမှ ရပ်ကွက်အတွင်းရှိ လမ်းထောင့်အရောက်တွင် သမီးဖြစ်သူက ကျူးလွန်သူအား လက်ညိုးထိုးညွှန်ပြခြင်းကြောင့် ဝိုင်းဝန်းဖမ်းဆီးနိုင်လိုက်ကြောင်း သိရသည်။

"စစ်ဆေးနေတုန်းပါ၊ ကာမစပ်ယှက်တဲ့ အဆင့်ထိတော့ မတွေ့ရပါဘူး၊ ကနဦး စစ်ဆေးချက်အရတော့ ကလေးရဲ့ မိန်းမကိုယ်ထဲကို လက်နဲ့ထိုးသွင်းတာကြောင့် သွေးထွက်တဲ့ အခြေအနေပါ"ဟု မကွေးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သူရဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးရမိသည့် အသက်(၃၂)နှစ်ရှိ ဇင်မျိုးဟန် ဆိုသူအား မကွေးနယ်မြေရဲစခန်းတွင် (ပ)၅၈၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ဖြင့် စက်တင်ဘာလ(၂၁)ရက်နေ့က အမှုဖွင့်ကာ စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net