တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ သြားသည့္ ခရီးသည္တင္ယာဥ္ မိုင္းပ်ဥ္းၿမိဳ႕တြင္ ေခ်ာက္ထဲထိုးက်ရာက ယာဥ္ေမာင္းႏွင့္ကေလးငယ္(၂)ဦး အပါအ၀င္ (၅)ဦးေသဆံုး

တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ သြားသည့္ ခရီးသည္တင္ယာဥ္ မိုင္းပ်ဥ္းၿမိဳ႕တြင္ ေခ်ာက္ထဲထိုးက်ရာက ယာဥ္ေမာင္းႏွင့္ကေလးငယ္(၂)ဦး အပါအ၀င္ (၅)ဦးေသဆံုး
မေ 12, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုခရိုင္၊ မိုင္းပ်ဥ္းၿမိဳ႕နယ္ ပိန္းဆန္းရပ္ကြက္အတြင္း တာခ်ီလိတ္ - က်ဳိင္းတံု - ေတာင္ႀကီးသြားလမ္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္တစ္စီး လမ္းေဘးေခ်ာက္ထဲ ထိုးက်သြားရာက ယာဥ္ေမာင္းအပါအ၀င္ (၈)ဦးအနက္ (၅)ဦးေသဆံုးၿပီး (၃)ဦး ဒဏ္ရာမ်ားရရွိသြားမႈ ၂၀၁၉ခုႏွစ္ ေမလ(၁၂)ရက္ေန႔ နံနက္(၆)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ဒီမနက္က ျဖစ္သြားတာ၊ ကားက ေခ်ာက္ထဲမွာ ပလက္လန္ေနတာ၊ ကယ္ဆယ္ေရးအဖြဲ႔ေတြကေတာ့ ကားကိုယ္လည္း ဆြဲတင္ဖို႔ လုပ္ေနတာကို ေတြ႔ခဲ့ရတယ္၊ ကားသမားအပါအ၀င္ (၅)ဦးေသဆံုးသြားတယ္၊ ကေလးငယ္(၂)ဦးလည္း ပါတယ္လို႔သိရတယ္ဗ်"ဟု အဆိုပါျဖစ္စဥ္အနီးမွ ျဖတ္သန္းသြားလာခ့ဲသူ အမ်ဳိးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ ၂၀၁၉ခုႏွစ္ ေမလ(၁၁)ရက္ေန႔ ့ည(၉)နာရီ၀န္းက်င္အခ်ိန္က ယာဥ္ေမာင္း သီဟ(ခ)သီဟေသြးေမာင္းႏွင္ၿပီး ခရီးသည္ အမ်ဳိးသား(၃)ဦး ႏွင့္ အမ်ဳိးသမီး(၄)ဦး ပါ၀င္လိုက္ပါလာသည့္ Nissan Caravan အမ်ဳိးအစား ေမာ္ေတာ္ယာဥ္သည္ လမ္း၏ ၀ဲဘက္ ေပ(၅၀)၀န္းက်င္ခန္႔ရွိ ေခ်ာင္းအတြင္း ထိုးက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္း ျဖစ္သူ အသက္(၃၀)ႏွစ္ရွိ ေတာင္ႀကီးၿမိဳ႕ေန သီဟ(ခ)သီဟေသြး ႏွင့္ ကေလးငယ္ႏွစ္ဦး အပါအ၀င္ အမ်ဳိးသား(၁)ဦး ႏွင့္ အမ်ဳိးသမီး(၁)ဦး စုစုေပါင္း (၅)ဦးမွာ ေနရာတြင္ ေသဆံုးသြားၿပီး က်န္(၃)ဦးမွာ  ဒဏ္ရာမ်ားရရွိေၾကာင္း သိရသည္။

ေသဆံုးသြားသူမ်ားတြင္ အသက္(၃၀)ႏွစ္ရွိ ယာဥ္ေမာင္း သီဟ(ခ)သီဟေသြး၊ အသက္(၂)ႏွစ္အရြယ္ စိုင္းဆိုင္ေက်ာက္၊ အသက္(၁၀)ႏွစ္အရြယ္ အမည္မသိ(မိန္းကေလး)၊ အသက္(၃၅)ႏွစ္ရွိ စိုင္းစံ ႏွင့္ အသက္(၄၀)ႏွစ္၀န္းက်င္ရွိ အမည္မသိအမ်ဳိးသမီးတစ္ဦးတို႔ျဖစ္ေၾကာင္းႏွင့္ ယာဥ္ေပၚတြင္ ပါ၀င္သည့္ ခရီးသည္(၇)ဦးမွာ ခိုလမ္ၿမိဳ႕တြင္ ေနထိုင္ၾကသူမ်ား ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ထိုးက်မႈျဖစ္ပြားရာေနရာသို႔ မိုင္းပ်ဥ္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးအာကာတင္ဦး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး၀င္းျမင့္၊ ၿမိဳ႕နယ္မီးသတ္ဦးစီးအွဴး ဦးသူရေမာင္ႏွင့္ တာ၀န္ရွိသူမ်ား  ေရာက္ရွိလာၿပီး ယာဥ္အတြင္း ဒဏ္ရာရရွိေနသူ အမ်ဳိးသား(၁)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦးတို႔အား ကယ္ထုတ္ကာ မိုင္းပ်ဥ္းျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပိန်းဆန်းရပ်ကွက်အတွင်း တာချီလိတ် - ကျိုင်းတုံ - တောင်ကြီးသွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျသွားရာက ယာဉ်မောင်းအပါအဝင် (၈)ဦးအနက် (၅)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာများရရှိသွားမှု ၂၀၁၉ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဒီမနက်က ဖြစ်သွားတာ၊ ကားက ချောက်ထဲမှာ ပလက်လန်နေတာ၊ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကားကိုယ်လည်း ဆွဲတင်ဖို့ လုပ်နေတာကို တွေ့ခဲ့ရတယ်၊ ကားသမားအပါအဝင် (၅)ဦးသေဆုံးသွားတယ်၊ ကလေးငယ်(၂)ဦးလည်း ပါတယ်လို့သိရတယ်ဗျ"ဟု အဆိုပါဖြစ်စဉ်အနီးမှ ဖြတ်သန်းသွားလာခဲ့သူ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ တောင်ကြီးသို့ ၂၀၁၉ခုနှစ် မေလ(၁၁)ရက်နေ့ည(၉)နာရီဝန်းကျင်အချိန်က ယာဉ်မောင်း သီဟ(ခ)သီဟသွေးမောင်းနှင်ပြီး ခရီးသည် အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၄)ဦး ပါဝင်လိုက်ပါလာသည့် Nissan Caravan အမျိုးအစား မော်တော်ယာဉ်သည် လမ်း၏ ဝဲဘက် ပေ(၅၀)ဝန်းကျင်ခန့်ရှိ ချောင်းအတွင်း ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဖြစ်သူ အသက်(၃၀)နှစ်ရှိ တောင်ကြီးမြို့နေ သီဟ(ခ)သီဟသွေး နှင့် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း (၅)ဦးမှာ နေရာတွင် သေဆုံးသွားပြီး ကျန်(၃)ဦးမှာ ဒဏ်ရာများရရှိကြောင်း သိရသည်။

သေဆုံးသွားသူများတွင် အသက်(၃၀)နှစ်ရှိ ယာဉ်မောင်း သီဟ(ခ)သီဟသွေး၊ အသက်(၂)နှစ်အရွယ် စိုင်းဆိုင်ကျောက်၊ အသက်(၁၀)နှစ်အရွယ် အမည်မသိ(မိန်းကလေး)၊ အသက်(၃၅)နှစ်ရှိ စိုင်းစံ နှင့် အသက်(၄၀)နှစ်ဝန်းကျင်ရှိ အမည်မသိအမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်တွင် ပါဝင်သည့် ခရီးသည်(၇)ဦးမှာ ခိုလမ်မြို့တွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

ယာဉ်ထိုးကျမှုဖြစ်ပွားရာနေရာသို့ မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ မြို့နယ်မီးသတ်ဦးစီးအှူး ဦးသူရမောင်နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး ယာဉ်အတွင်း ဒဏ်ရာရရှိနေသူ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၂)ဦးတို့အား ကယ်ထုတ်ကာ မိုင်းပျဉ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net