တာချီလိတ်တွင် ဖမ်းမိထားသည့် ဆိုင်ကယ်ခိုးသူများကို စစ်ဆေးရာက ဆိုင်ကယ်(၁၅)စီးအထိ ပြန်လည် သိမ်းဆည်းရမိထား

တာချီလိတ်တွင် ဖမ်းမိထားသည့် ဆိုင်ကယ်ခိုးသူများကို စစ်ဆေးရာက ဆိုင်ကယ်(၁၅)စီးအထိ ပြန်လည် သိမ်းဆည်းရမိထား
သြဂုတ် 16, 2020
By Tachileik News Agency
တာချီလိတ်တွင် ဖမ်းမိထားသည့် ဆိုင်ကယ်ခိုးသူများကို စစ်ဆေးရာက  ဆိုင်ကယ်(၁၅)စီးအထိ ပြန်လည်သိမ်းဆည်းရမိထား 
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင်  ဆိုင်ကယ်ခိုးယူသူများထံမှ ဆိုင်ကယ် (၃) စီးကို ထပ်မံသိမ်းဆည်းရမိသဖြင့် ပြန်လည်သိမ်းဆည်းရမိသည့် ဆိုင်ကယ် (၁၅)စီးအနက် ပိုင်ရှင် (၁၁)ဦးကို အတည်ပြုထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ (သြဂုတ်လ ၁၅ ရက်နေ့) မှာ နောက်ထပ် (၃)စီး ထပ်သိမ်းမိတယ်။ အခုချိန်ထိ ပိုင်ရှင်တွေ့ထားတာ (၁၁)စီးရှိပြီ။ အခု ဆိုင်ကယ်ခိုးမှုမှာ ဆိုင်ကယ်ပိုင်ရှင်တွေက တရားလိုအဖြစ် စွဲဆိုကြမှာ”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးမှ  တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
တာချီလိတ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များလာနေ၍ ရဲတပ်ဖွဲ့က လှည့်ကင်းကို တိုးမြှင့်ဆောင်ရွက်ရာမှ သြဂုတ်လ (၁၁)ရက်နေ့ ညပိုင်းတွင် လူငယ်အမျိုးသား (၃)ဦးကို ဆိုင်ကယ်ခိုးရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ခိုးရာပါဆိုင်ကယ်များအား ပုံပြောင်းရောင်းချပေးနေသူ (၃)ဦးကိုပါ ထပ်မံဖမ်းမိပြီး သြဂုတ်လ (၁၂)ရက်နေ့၌ ၎င်းတို့ထံမှ ဆိုင်ကယ် (၁၂)စီးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့မရဲစခန်းတွင် သိမ်းဆည်းရမိထားသည့် ဆိုင်ကယ် (၁၅) စီးကို ဆိုင်ကယ်ပျောက်ထားသူများက လာရောက်စစ်ဆေးအတည်ပြုနေရာ သြဂုတ်လ (၁၅)ရက်နေ့အထိ ဆိုင်ကယ် (၁၁) စီးမှာ ပိုင်ရှင်ပြန်လည်တွေ့ရှိသွားပြီဖြစ်ပြီး (၄)စီးမှာ ပိုင်ရှင်အတည်မပြုနိုင်သေးကြောင်း သိရသည်။

Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~