ရှမ်းပြည်နယ်(ရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် (၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ၀င်္ကဘာဘုရားမီးထွန်းပွဲအား အောက်တိုဘာလ(၈)ရက်နေ့တွင် စတင်မည်

ရှမ်းပြည်နယ်(ရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် (၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ၀င်္ကဘာဘုရားမီးထွန်းပွဲအား အောက်တိုဘာလ(၈)ရက်နေ့တွင် စတင်မည်
စကျတငျဘာ 22, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲအား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က စတင်ကာ (၆)ညတိုင်တိုင် ကျင်းပပြုလုပ်သွားရန်အတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

"ဘုန်းဘုန်းတို့ ကျောင်းမှာ နှစ်စဉ် နှစ်တိုင်း ကျင်းပလာတာ အခုဆိုရင် ဆဋ္ဌမအကြိမ်ရှိပါပြီ၊ အခုလည်း အဖွဲ့သားတွေနဲ့ စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်၊ သီတင်းကျွတ် လဆန်း(၁၀)ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ပြီး စတင်ကျင်းပမှာ ဖြစ်ပါတယ်"ဟု စိတ္တသုခကျောင်းတိုက် ဆရာတော် ဦးဓမ္မဝံသ က တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။



Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုသာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲအား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က စတင်ကာ (၆)ညတိုင်တိုင် ကျင်းပပြုလုပ်သွားရန်အတွက် ပြင်ဆင်မှုများ စတင်နပြေီဖြစ်ကြောင်း သိရသည်။

"ဘုန်းဘုန်းတို့ ကျောင်းမှာ နှစ်စဉ် နှစ်တိုင်း ကျင်းပလာတာ အခုဆိုရင် ဆဋ္ဌမအကြိမ်ရှိပါပြီ၊ အခုလည်း အဖွဲ့သားတွေနဲ့ စတင်ပြင်ဆင်နပြေီဖြစ်ပါတယ်၊ သီတင်းကျွတ် လဆန်း(၁၀)ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ပြီး စတင်ကျင်းပမှာ ဖြစ်ပါတယ်"ဟု စိတ္တသုခကျောင်းတိုက် ဆရာတော် ဦးဓမ္မဝံသ က တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။

မိုင်းဖြတ်မြို့၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်အတွင်းရှိ စိတ္တသုခကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်နေ့အထိ (၆)ညတိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 ယခု ၂၀၁၉ခုနှစ်တွင်း ကျင်းပမည့် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးတွန်းပွဲသည် မိုင်းဖြတ်မြို့ စိတ္တသုခကျောင်းတိုက်၏ (၆)ကြိမ်မြောက်ဖြစ်ပြီး ဝင်္ကာအတွင်း လမ်းအကွေ့ပေါင်းကို ယခင်နှစ်များအတိုင်း (၃၅၀)ကွေ့ဖြင့် ဝင်္ကဘာလမ်းပြုလုပ်ပြီး နှစ်ကျိပ်ရှစ်ဆူသော ဘုရားဆင်းတုတော်များအား ဖူးမျှော်နိုင်ရန်နှင့် ဆီမီးပူဇော်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net