တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္း ရန္ကုန္ရြာဘက္က လာသည့္ အမ်ဳိးသားတစ္ဦးအား စိတ္ၾကြေဆးျပားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုအတြင္း ရန္ကုန္ရြာဘက္က လာသည့္ အမ်ဳိးသားတစ္ဦးအား စိတ္ၾကြေဆးျပားႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 26, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္း မူးယစ္ေဆး၀ါးသတင္းအရ ရဲတပ္ဖြဲ႔က ေစာင့္ဆိုင္း စစ္ေဆးရာက ရန္ကုန္ရြာဘက္သို႔ လာသည့္ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က မိုင္းကိုးေက်းရြာအုပ္စု၊ ေဟြတာ(၂)ရြာသြားလမ္းတြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၅)ရက္ေန႔ ေန႔လည္(၁၂)နာရီခြဲ၀န္းက်င္အခ်ိန္က မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းေနရာမွ သတင္းရရွိထားသူ အားဟီ ဆိုသူသည္ ေဟြတာ(၂)ရြာဘက္မွ ရန္ကုန္ရြာဘက္သို႔ လမ္းေလွ်ာက္ လာစဥ္ ၎အား ရွာေဖြစစ္ေဆးရာက မူးယစ္ေဆး၀ါးမ်ားရွာေဖြေတြ႔ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔က ၎အား စစ္ေဆးရွာေဖြရာတြင္ အနီေရာင္လြယ္အိတ္အတြင္းထဲက Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၄၀၀)ျပားကို ရွာေဖြေတြ႔ရွိရ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၉/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖမ္းဆီးမိသည့္ မူးယစ္ေဆး၀ါးမ်ားအား မိုင္းကိုးေက်းရြာအုပ္စုအတြင္းရွိ ေက်းရြာတစ္ခုတြင္  ၀ယ္ယူရရွိျခင္းျဖစ္ေၾကာင္းသိရ၍ သက္ဆိုင္ရာမွ ဆက္လက္စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့က စောင့်ဆိုင်း စစ်ဆေးရာက ရန်ကုန်ရွာဘက်သို့ လာသည့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မိုင်းကိုးကျေးရွာအုပ်စု၊ ဟွေတာ(၂)ရွာသွားလမ်းတွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့ နေ့လည်(၁၂)နာရီခွဲဝန်းကျင်အချိန်က မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေရာမှ သတင်းရရှိထားသူ အားဟီ ဆိုသူသည် ဟွေတာ(၂)ရွာဘက်မှ ရန်ကုန်ရွာဘက်သို့ လမ်းလျှောက် လာစဉ်၎င်းအား ရှာဖွေစစ်ဆေးရာက မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က၎င်းအား စစ်ဆေးရှာဖွေရာတွင် အနီရောင်လွယ်အိတ်အတွင်းထဲက Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၄၀၀)ပြားကို ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါးများအား မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ခုတွင် ဝယ်ယူရရှိခြင်းဖြစ်ကြောင်းသိရ၍ သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net