တာချီလိတ်မြို့ရဲ့ မြေကွက်သစ်အပိုင်း ‘ဈ’ မှာကျူးကျော်နေထိုင်သူများကို တရားစွဲမှု စတင်

တာချီလိတ်မြို့ရဲ့ မြေကွက်သစ်အပိုင်း ‘ဈ’ မှာကျူးကျော်နေထိုင်သူများကို တရားစွဲမှု စတင်
နိုဝင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ်မြို့ရဲ့ မြေကွက်သစ်အပိုင်း ‘ဈ’ မှာကျူးကျော်နေထိုင်သူများကို တရားစွဲမှု စတင်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရဲ့ မြေကွက်သစ်အပိုင်း ‘ဈ’ မှာကျူးကျော်နေထိုင်သူဆိုသူ (၃၄) ဦးကို ပထမဆုံးအကြိမ်အဖြစ် တရားစွဲဆိုမှုတွေလုပ်ဆောင်နေပါတယ်။ 
နေထိုင်သူတွေကို ဖယ်ရှားပေးဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းအဖွဲ့တွေက အကြောင်းကြားစာ (၃) ကြိမ်ပေးအပ်ခဲ့ပေမယ့် လိုက်နာမှုမရှိလို့ တရားရုံးက ဆင်ခေါ်ခဲ့ရာမှာ ပထမဆုံးရုံးချိန်းဖြစ်တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၁၇) ရက်နေ့မှာ (၁၁) ဦးလာရောက်ခဲ့ပါတယ်။ 
သူတို့ကို အထက်မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းဥပဒေ ပုဒ်မ ၆၉(၂) အရတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားရုံးကိုလာရောက်ခြင်းမရှိတဲ့ လူ (၂၃) ဦးမှာ အချို့တွေက အမည်မှားယွင်းတာတွေ၊ နေထိုင်ခြင်းမရှိတာတွေရှိနေတဲ့အတွက် ဒုတိယအကြိမ် တရားရုံးဆင့်ခေါ်စာတွေ ထပ်မံပေးပို့သွားဖို့ စီစဉ်နေပါတယ်။ 
လက်ရှိတရားရင်ဆိုင်မယ့် (၁၁) ဦးက သူတို့မှာအပြစ်မရှိကြောင်း ထွက်ဆိုခဲ့တဲ့အတွက် တရားလိုတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ ကျူးကျော်နေထိုင်သူတွေမှာ အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ ထောင်ဒဏ် (၁) လ ဒါမှမဟုတ် ငွေဒဏ် (၂၀၀) ကျပ်ချမှတ်ခံရမှာဖြစ်ပါတယ်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~