တာချီလိတ်တွင် ထိုင်းနိုင်ငံသို့ ပြန်ထွက်မရသည့် အယောက်(၅၀၀)ကျော်ထဲက တရုတ်နိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်တွင် ထိုင်းနိုင်ငံသို့ ပြန်ထွက်မရသည့် အယောက်(၅၀၀)ကျော်ထဲက တရုတ်နိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး
ဧပြီ 2, 2020
By Tachileik News Agency

တာချီလိတ်တွင် ထိုင်းနိုင်ငံသို့ ပြန်ထွက်မရသည့် အယောက်(၅၀၀)ကျော်ထဲက တရုတ်နိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသား တစ်ဦး ကြိုးဆွဲချသေဆုံးမှု ၂၀၂၀ခုနှစ် ဧပြီလ(၂)ရက် နံနက်(၃)နာရီဝန်းကျင်က ဖြစ်ပွားကြောင်း သိရသည်။

သေဆုံးသူသည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာရှိ နေအိမ်အခန်းငှားတွင် နေထိုင်ပြီး   နေအိမ်အခန်းငှား၏ အိမ်သာခန်းထဲတွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၄၀)ကျော်ရှိ တရုတ်နိုင်ငံသား လီချွန်ဆိုသူဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်သို့ တရားဝင် ဝင်ရောက်လာသူဖြစ်ပြီး မယ်ဆိုင်ဘက်က အဝင် အထွက်ပိတ်လိုက်၍ တာချီလိတ်မှ ပြန်လည်ထွက်မရသည့် တရုတ်နိုင်ငံသား အယောက်(၅၀၀)ကျော်ထဲက တစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူ၏ အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက သယ်ဆောင်ကာ တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~