တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးယူရန် (၁၄)ဦးသာ ကျန်ရှိ

တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးယူရန် (၁၄)ဦးသာ ကျန်ရှိ
ဇူလိုင် 15, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးယူရန် (၁၄)ဦးသာ ကျန်ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖေါက်လုပ်မည့်ဧရိယာ၌ ပါဝင်သည့် မြေယာများအတွက် မြေယာလျော်ကြေးယူရန်ကျန်ရှိသူ (၁၆) ဦးအနက် (၂) ဦး၏မြေယာလျော်ကြေးများကို ၂၀၂၀ ခုနှစ် ၊ ဇူလိုင်လ (၁၅) ရက်နေ့၌ ပေးအပ်သည်။

အခုက ပိုင်ရှင်မဲ့ကြေညာထားတဲ့ မြေကွက် (၂)ကွက်က ပိုင်ရှင်တွေ လာယူသွားတာပါ။ ကျန်တာက (၁၄) ယောက်ကျန်တယ်။ သူတို့တွေနဲ့လည်း ထပ်ပြီးညှိနှိုင်းသွားဖို့ရှိပါတယ် 

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေယာဧက (ဝ.၁၇၉) ဧကနှင့် (၁.၀၃၅) ဧကတို့အတွက် မြေယာပိုင်ရှင် (၂)ဦးကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမ၌ မြေယာလျော်ကြေးစုစုပေါင်း (၆,၅၂၂,၁၀၀) ပေးအပ်ခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းအတွက် လမ်းဧရိယာတွင်ပါဝင်သွားသည့် မြေယာများအတွက် မြေယာပိုင်ရှင် (၁၉၆) ဦးကို မြေယာလျော်ကြေးပေးရမည်ဖြစ်ရာ ဇူလိုင်လ (၁၅)ရက်နေ့အထိ မြေယာလျော်ကြေးယူရန် (၁၄)ဦးသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၇၅) သန်း၊ ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၈.၈) သန်းတို့ဖြင့် တာချီလိတ်တွင် အရှည် (၄)မိုင်ရှိသည့် မြို့ရှောင်လမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖောက်လုပ်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~