နှစ်လုံးထီလောင်းကစား ပြုလုပ်နေသူများကို လောင်းကစား ဥပဒေဖြင့် အမှုဖွင့် အရေးယူ

နှစ်လုံးထီလောင်းကစား ပြုလုပ်နေသူများကို လောင်းကစား ဥပဒေဖြင့် အမှုဖွင့် အရေးယူ

မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်(မြောက်)ရပ်ကွက်တွင် နှစ်လုံးထီ လောင်းကစားဒိုင် နှင့် လောင်းကစား ပြုလုပ်သူများကို ဖမ်းဆီးရမိပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းမှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် မဟာအောင်မြေ အမှတ် (၉)မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မဟာအောင်မြေမြို့နယ်အတွင်း ချမ်းမြသာစည်(မြောက်)ရပ်ကွက်ရှိ ဟိန်းထက်အောင်၏ နေအိမ်အား တရားမဝင် နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ဟိန်းထက်အောင်၏ နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရှာဖွေရာ နေအိမ်၏ အောက်ထပ်ဧည့်ခန်းတွင် လောင်းကစားဒိုင်ဖြစ်သူ ဟိန်းထက်အောင် နှင့် နှစ်လုံးထီလောင်းကစားဒိုင် အလုပ်သမား အောင်အောင် အပါအဝင် (၃)ဦး ၊ နှစ်လုံးထီလောင်းကစားရန် ရောက်ရှိနေသည့် ဇင်ဘိုဝင်း အပါ (၅)ဦးတို့ကို တွေ့ရှိဖမ်းမိကြောင်း သိရသည်။

သက်သေခံပစ္စည်းများအဖြစ်  လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ (၃၀၈,၀၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်းရမိသည့်အတွက် မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်း (ပ)၉/၂၀၂၁၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Tachileik News Agency