က်ိဳင္းတံု တကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္တုိ႔တြင္ ေရလံုေလာက္စြာမရသျဖင့္ ေရရရိွေရး စည္ပင္သာယာႏွင့္ ညိႇႏိႈင္းေန

က်ိဳင္းတံု တကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္တုိ႔တြင္ ေရလံုေလာက္စြာမရသျဖင့္ ေရရရိွေရး စည္ပင္သာယာႏွင့္ ညိႇႏိႈင္းေန
သြဂုတ် 24, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ တကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္တြင္ ေရလံုေလာက္စြာ မရသျဖင့္ ေရေပးေဝေရးပံုစံေျပာင္းလဲရန္ တကၠသိုလ္တာဝန္ရိွသူမ်ား၊ စည္ပင္သာယာေရးဌာနႏွင့္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္တုိ႔ ကြင္းဆင္းစစ္ေဆးၿပီး ညိႇႏိႈင္းမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သက္ဆုိင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က တကၠသိုလ္ႏွင့္ ေကာလိပ္ ေရေပးေဝေရးပိုက္လုိင္းမ်ားကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔က ကြင္းဆင္း စစ္ေဆးျခင္းျဖစ္သည္။

“လတ္တေလာ ဘတ္ဂ်က္ေတာ့ မရိွေသးဘူး။ တကၠသိုလ္၊ ေကာလိပ္က ဝန္ထမ္းအိမ္ရာေတြလည္း တုိးလာၿပီးေတာ့ အဲဒီဘက္ေတြမွာ ေရခ်ိဳးဖို႔ေတာင္ ေရသန္႔ဗူးဝယ္သံုးေနရတယ္လုိ႔ ေျပာလာတာေၾကာင့္  သြားစစ္ၾကတာပါ။ စည္ပင္သာယာေရးဦးစီးဌာနနဲ႔ တကၠသိုလ္ ပါေမာကၡခ်ဳပ္ကေတာ့ ဆက္ၿပီး ညိႇႏိႈင္းေနတယ္။ စည္ပင္က အႀကံေပးထားတာကေတာ့ ေတာင္ေပၚေရေလွာင္ကန္ကေန တိုက္ရိုက္ ပိုက္လုိင္း သြယ္တန္းဖို႔ ေျပာထားတယ္။ ေက်ာင္းမွာ ၂၀၁၈ - ၂၀၁၉ ဘတ္ဂ်က္နဲ႔ ေရပိုက္လုိင္းသြယ္တန္းဖို႔လည္းရိွတယ္။ အဲဒါလည္း ၿပီးတဲ့အခ်ိန္ လာမယ့္ႏွစ္မွာ ေရကေတာ့ ပိုရလာမယ္ ေမွ်ာ္လင့္ပါတယ္”ဟု က်ိဳင္းတံုၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ေျပာသည္။

က်ိဳင္းတံုတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္အတြက္ သြယ္တန္းေပးထားသည့္ ေရပိုက္လုိင္းမွာ ဝန္ထမ္းအိမ္ရာမ်ား တိုးခ်ဲဲ႕တည္ေဆာက္လာသျဖင့္ ေရမလံုေလာက္မႈမ်ား ျဖစ္ေနရာ ေတာင္ေပၚ ေရေလွာင္ကန္မွ တုိက္ရိုက္ပိုက္သြယ္တန္းရယူရန္ စည္ပင္သာယာေရးဌာနက အႀကံျပဳထားေၾကာင္း သိရသည္။

က်ိဳင္းတံုတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္၏ ေရလိုအပ္ခ်က္မွာ တစ္ရက္လွ်င္ ေရဂါလံ (၂၀၀၀၀) ခန္႔ရိွေနေၾကာင္း သိရၿပီး လက္ရိွတြင္ ေရမီတာ တပ္ဆင္ျခင္းမရိွဘဲ တစ္ႏွစ္လွ်င္ ေရဖိုးက်ပ္ (၃) သိန္းကို စည္ပင္သာယာဌာနသို႔ ေပးေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕ေရေပးေဝေရးကို က်ိဳင္းေဖာင္းေခ်ာင္းမွ ေရေပးေဝေနရာမွ ေရၾကည္လင္မႈမရိွသျဖင့္ နမ့္ကြီေရတံခြန္ အထက္ပိုင္းမွ ေရပိုက္လုိင္းသြယ္တန္းၿပီး ေရေပးေဝေရးစနစ္အတြင္းမွ ျဖန္႔ျဖဴးျခင္းကို လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံ တက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင် ရေလုံလောက်စွာမရသဖြင့် ရေရရှိရေး စည်ပင်သာယာနှင့် ညှိနှိုင်းနေ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ တက္ကသိုလ်နှင့် ပညာရေးကောလိပ်တွင် ရေလုံလောက်စွာ မရသဖြင့် ရေပေးဝေရေးပုံစံပြောင်းလဲရန် တက္ကသိုလ်တာဝန်ရှိသူများ၊ စည်ပင်သာယာရေးဌာနနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့ ကွင်းဆင်းစစ်ဆေးပြီး ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က တက္ကသိုလ်နှင့် ကောလိပ် ရေပေးဝေရေးပိုက်လိုင်းများကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က ကွင်းဆင်း စစ်ဆေးခြင်းဖြစ်သည်။

“လတ်တလော ဘတ်ဂျက်တော့ မရှိသေးဘူး။ တက္ကသိုလ်၊ ကောလိပ်က ဝန်ထမ်းအိမ်ရာတွေလည်း တိုးလာပြီးတော့ အဲဒီဘက်တွေမှာ ရေချိုးဖို့တောင် ရေသန့်ဗူးဝယ်သုံးနေရတယ်လို့ ပြောလာတာကြောင့်  သွားစစ်ကြတာပါ။ စည်ပင်သာယာရေးဦးစီးဌာနနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ကတော့ ဆက်ပြီး ညှိနှိုင်းနေတယ်။ စည်ပင်က အကြံပေးထားတာကတော့ တောင်ပေါ်ရေလှောင်ကန်ကနေ တိုက်ရိုက် ပိုက်လိုင်း သွယ်တန်းဖို့ ပြောထားတယ်။ ကျောင်းမှာ ၂၀၁၈ - ၂၀၁၉ ဘတ်ဂျက်နဲ့ ရေပိုက်လိုင်းသွယ်တန်းဖို့လည်းရှိတယ်။ အဲဒါလည်း ပြီးတဲ့အချိန် လာမယ့်နှစ်မှာ ရေကတော့ ပိုရလာမယ် မျှော်လင့်ပါတယ်”ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးကောလိပ်အတွက် သွယ်တန်းပေးထားသည့် ရေပိုက်လိုင်းမှာ ဝန်ထမ်းအိမ်ရာများ တိုးချဲ့တည်ဆောက်လာသဖြင့် ရေမလုံလောက်မှုများ ဖြစ်နေရာ တောင်ပေါ် ရေလှောင်ကန်မှ တိုက်ရိုက်ပိုက်သွယ်တန်းရယူရန် စည်ပင်သာယာရေးဌာနက အကြံပြုထားကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးကောလိပ်၏ ရေလိုအပ်ချက်မှာ တစ်ရက်လျှင် ရေဂါလံ (၂၀၀၀၀) ခန့်ရှိနေကြောင်း သိရပြီး လက်ရှိတွင် ရေမီတာ တပ်ဆင်ခြင်းမရှိဘဲ တစ်နှစ်လျှင် ရေဖိုးကျပ် (၃) သိန်းကို စည်ပင်သာယာဌာနသို့ ပေးဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ရေပေးဝေရေးကို ကျိုင်းဖောင်းချောင်းမှ ရေပေးဝေနေရာမှ ရေကြည်လင်မှုမရှိသဖြင့် နမ့်ကွီရေတံခွန် အထက်ပိုင်းမှ ရေပိုက်လိုင်းသွယ်တန်းပြီး ရေပေးဝေရေးစနစ်အတွင်းမှ ဖြန့်ဖြူးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net